အိမ်ထောင်ကိုယ်စီကွဲကြပြီး နောက် ချစ်သူရှိတယ်လို့ ဝင်ခံထားကြတဲ့ သူတို့နှစ်ယောက်ဟာ ပရိသတ်တွေကို တရားဝင် မကြေငြာသေးသော်လည်း တော်တော်များများကတော့ ရိပ်မိနေကြပါပြီ။ ဒီခေတ်မှာ ကိုယ့်ချစ်သူနာမည်၊ ပုံကို တက်တူးထိုးတာခေတ်စားလာကြပါတယ်။ Couple Tattoos တွေလည်း ထိုးလာကြပြီး ယောကျာ်းနှင့် မိန်းမ ဆင်တူထိုးလာတာတွေလည်းရှိလာပါတယ်။

ဒီတစ်ခေါက်မှာတော့ ဝိုင်းစုခိုင်သိန်းက သူမရင်ဘတ်မှာ 'Aungla' ဆိုပြီး တက်တူးထိုးထားတာကိုတွေ့ရပါတယ်။ အောင်လ အနေနှင့် လည်း သံစဉ် သင်္ကေတ တွေနှင့် အတူ W.S.K.T လို့ထိုးထားတာကို တွေ့ရတော့ Wyne Su Khine Thein ကို ပဲ အတိုခေါက်ရေးထားတယ်လို့ထင်ရပါတယ်။ ထာဝရ မြဲ ပါသွားမယ့် တက်တူးတွေထိုးထားကြတယ်ဆိုတော့ ဒီတစ်ခါ အတည်ပေါ့နော်....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။