ကျောင်းစာသင်ခန်းမှ ဆွဲထုုတ်ခံရသူ (သုုိ့မဟုုတ်) ဥပဒေမဲ့ (၄၃)ရက်အကြာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသူ

မော်လမြိုင်၊ ၄ ဇန်နဝါရီ ၂၀၁၆

“သမီးက ပညာတအားတတ်ချင်လိုု့ အဘွားဆီမှာလာနေတာ”

“ကျောင်းနဲ့အိမ်နဲ့ (၁)နာရီလောက်လမ်းလျှောက်ရတော့ အမေတိုု့ကလည်း (ကျောင်း)မထားချင်ဘူး”

သနပ်ခါး ပါးကွက်ကြားလိမ်းထားတဲ့ အသက်(၁၄)နှစ်အရွယ် မချောအိ တစ်ယောက် မျက်ရည် တွေထိန်းရင် ဝမ်းနည်းသံနဲ့ ပြောလိုုက်တာပါ။

ဇန်နဝါရီလ (၃)ရက်နေ့က မွန်ပြည်နယ်၊မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ မြန်မာပြည်တောင်ပိုုင်းဂျာနယ်လစ်ရုုံးခန်းမှာ သတင်းသမားတွေကိုု ပြောပြနေတာပါ။

ပညာတတ်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ သူမ….

အခြေခံပညာ ဆဋ္ဌမတန်းပညာကိုု သင်ယူနေတဲ့ သူမ…

ကျောင်းဖွင့်ချိန်ကာလ ကျောင်းစာသင်ခန်းထဲကနေ (၄၃)ရက်အကြာ ဆွဲထုုတ်ခံရတော့မယ် ဆိုုတာ သူအိပ်မက်တောင် မက်လိမ့်မယ်မထင်ပါဘူး။

ဒုုတိယသမီးကြီးဖြစ်သူ မချောအိဟာ ဖခင်ကွယ်လွန်လိုု့ အမေရဲ့ နောက်အိမ် ထောင်အပါဝင် မိသားစုုဝင် (၅)ယောက်နဲ့အတူ မွန်ပြည်နယ်၊သထုုံမြို့ နယ်က ထိန်ပင်ကျေးရွာ မှာနေထိုုင်ကြီးပြင်းလာသူပါ။(၁)နာရီကျော်အကြာ လမ်းလျှောက်ပြီး ပညာသင်ယူနေရတဲ့ သူ့ကိုု ကျောင်းနဲ့အိမ်ဝေးလွန်းတော့ မိခင်ဖြစ်သူက ကျောင်းဆက်ထားဖိုု့ ဆန္ဒမရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း မချောအိ ဟာ ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်အရောက်မှာတော့ ပညာသင်ကြားဖိုု့ အခွင့်အလမ်းပိုုများတဲ့ မော်လမြိုင်မြို့ စက်မှုဇုုန် နယ်မြေက ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မ အဖေရဲ့ မိခင်ဖြစ်သူ၊ သူ့အဖွားရှိရာ ညောင်ပင်ဆိပ် ကျေးရွာထံ ပညာသင်ကြားဖိုု့ မိသားစုုနဲ့ခွဲခွာလာခဲ့ ပါတယ်။ဆဋ္ဌမတန်းရောက် နေပြီဖြစ်တဲ့ သူ့ကိုု ညောင်ပင်ဆိပ်ကျေးရွာက ဘုုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ အဖွားဖြစ်သူက ကျောင်းအပ်နှံပေးခဲ့တာပါ။

ကျောင်းတက်နေစဉ် ...

အဖွားအိမ်နေထိုုင်စဉ်ကာလမှာတော့ ...

အဖွားဖြစ် သူရဲ့ အိမ်မှ မကြာခဏ နှင်ချခံနေရတယ်လိုု့လည်း သူမက ပြောပါတယ်။

နောက်ဆုုံးမှာတော့ ကျောင်းစာကိုု (၄)လ ဝန်းကျင်သင်ယူပြီးချိန်၊ သူရဲ့ အဖွားငွေတွေပျောက်လိုု့ သူမကိုုစွပ်စွဲတဲ့အတွက် မိခင်ဖြစ်သူဆီပြန်သွားချိန် မှာတော့ အသက်(၁၄)နှစ်အရွယ် မချောအိတစ်ယောက် ဖမ်းဆီးခံရ ပါတော့တယ်။

“ရဲမေတွေနဲ့ခေါ်လာပြီး သထုုံမြို့နယ်ရုံုံးကတဆင့် ဒီကိုုပိုု့လိုုက်တာပေါ့နော်”လိုု့ မချောအိ ကပြောပါတယ်။

မိခင်နေထိုုင်ရာ သထုုံမြို့နယ်၊ထိန်ပင်ကျေးရွာ အုုပ်ချုပ်ရေးမှူးမှတဆင့် သူ့ရဲ့အဖွားရှိရာ စက်မှုဇုုန်နယ်မြေက ရဲစခန်းဆီ နိုုဝင်ဘာလ (၂၂)ရက်နေ့က အဝတ်တထည်ကိုုယ်တခုုနဲ့ဖမ်းဆီး့ခေါ်ဆောင်ခံခဲ့ရတာပါ။စက်မှုဇုုန်နယ်မြေရဲစခန်းအရောက်မှာတော့ အကျယ်ချုပ်အနေနဲ့ စခန်းဝင်းအတွင်းထိန်းသိမ်းထားတာပါ။

ရဲစခန်းဝင်းအတွင်းနေထိုု်င်စဉ်မှာတော့ “ရဲစခန်းမှာနေလိုု့ရှိရင် အချုပ်သား​တွေအတွက် ရေခပ်ပေးရပါတယ်။သူတိုု့ သောက်ဖိုု့၊ချိုးဖိုု့အတွက်ပေါ့နော်” လိုု့ သူရဲ့နေ့စဉ်အလုုပ်ကို ပြောပြပါတယ်။

အချုပ်ခန်းနံဘေး နေထိုုင်ခဲ့ရတဲ့သူမဟာ မနက် (၁၁)နာရီ နဲ့ ညနေ (၆)နာရီတွေမှာ နေ့လည်စာနဲ့ ညစာကိုုစားခဲ့ရတယ်လိုု့ ဆိုုပါတယ်။

သူမကိုုဖမ်းဆီးခံထားစဉ်ကာလတွေမှာ မိခင်ဖြစ်သူမှ (၁၀)ကြိမ်​ ထက်မနည်း အကြိမ်ကြိမ်လာရောက်မေးမြန်းပြီး ပြန်လွှတ်ပေးဖိုု့ တောင်းဆိုုခဲ့ပါသေးတယ်။

အကျယ်ချုပ်အနေနဲ့ (၄၃)ရက်အကြာဖမ်းဆီးခံခဲ့ရပြီး ၂၀၁၇ ဇန်နဝါရီလ (၃)ရက်နေ့အရောက် မှာတော့ မိခင်ဖြစ်သူရဲ့ ကူညီတောင်းခံလိုု့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး သမီးဖြစ်သူ မချောအိ ကိုုစက်မှုဇုုန်နယ်မြေရဲစခန်းမှ ပြန်လည်ခေါ်ထုုတ်နိုုင်ခဲ့ပါတယ်။

ကလေးသူငယ်ဥပဒေအရ တရားစွဲဆိုုခံရမယ့် ကလေးသူငယ်တွေကိုု ခံဝန်ချုပ်ဖြင့်လွှတ်ထားတာ၊မိဘအုုပ်ထိန်းသူတွေကိုု စည်းကမ်းချက်ဖြင့် အပ်နှံတာ၊ယာယီ စောင့်ရှောက်ရေးစခန်း ဒါမှမဟုုတ် အခြားသင့်လျော်တဲ ့နေရာတွေမှာ စည်းကမ်းချက်နဲ့ အပ်နှံထားရမှာပါ။မည်သည့်အကြောင်းပြချက် နဲ့မှ ချုပ်နှောင်ထားခြင်းမပြုရပါဘူးလိုု့ကလေးသူ ငယ်ဥပဒေမှာ ပြဌာန်းထား ပါတယ်။

ထိုု့အပြင် ကလေးသူငယ်မဆိုုထားနှင့် ဥပဒေအရ ရဲတပ်ဖွဲ့တွေဟာ လူပုုဂ္ဂိုလ်တဦးဦးကိုု ဖမ်းဆီးမယ်ဆိုုရင် (၂၄)နာရီထက်ကျော်လွန်ပြီး ဖမ်းဆီးခွင့်မရှိပါဘူး။တကယ်လိုု့ ဖမ်းဆီးချုပ်နှောင်မယ် ဆိုုရင်တော့ အနီးဆုုံးတရားသူကြီးထံတင်ပိုု့ပြီး ချုပ်ရက်ရမန် ရယူပြီးမှ ချုပ်နှောင်ရမှာပါ။ရမန်ရက်အတွင်း တရားစွဲဆိုုရမှာပါ။ရမန်ရက်ဆိုုတာကလည်း တစ်လထက် ပိုုလိုု့မရပါဘူး။

အဖွားရဲ့ငွေတွေပျောက်ဆုုံးလိုု့ ရဲစခန်းဝင်းအတွင်း အကျယ်ချုပ်အနေနဲ့ (၄၃)ရက်အကြာဖမ်းဆီး စစ်ဆေးခြင်းခံနေရပေမယ့်လည်း မချောအိကိုု တရားစွဲ ဆိုုနိုုင်ခြင်းမရှိခဲ့ပါဘူး။

မည်သည့် အထောက်အထား တစုုံတရာကိုုမှ လက်မှတ်ရေးထိုုးပေးလိုုက်ခြင်း မရှိဘဲ ပြန်လွတ်မြောက်လာတဲ့ မချောအိ ကထွက်ကျတော့မယ့် မျက်ရည်ကိုု မမြင်မိအောင် ကြမ်းခင်းဘက် မျက်နှာမှုလိုု့ ဝမ်းနည်းသံနဲ့ ပြောလိုုက်တာကတော့

“ဒီနာမည်က အမည်းရောင်ပါသွားပြီ ဆိုုတော့ သူများတွေကဲ့ရဲ့မှာပေါ့” ...

Credit:Mawlamyine Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။