ဒူးရင်းသီးကို စွဲစွဲလန်းလန်း ကြိုက်သူတွေအတွက် သတင်းကောင်းလေးတစ်ခုကိ ဖော်ပြပေးလိုက်မယ်နော်။ ဒီသတင်းကောင်းလေးကတော့ ကရင်ပြည်နယ်မှာ မေလ၁၂ရက်နေ့တွင် ဒူးရင်းသီးချစ်သူများအတွက် ဒူးရင်းသီး ပွဲတော်ကို ကျင်းပတော့မှာပဲဖြစ်ပါတယ်။ ကရင်ပြည်နယ် လောင်းကိုင် မြို့မျာ ကျင်းပမယ့် ဒီဒူးရင်းသီး ပွဲတော်မှာ မည်သူမဆို အခမဲ့ စိတ်ကြိုက်လာရောက် သုံးဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်မှာ မြို့ခံ လူတွေတင် မဟုတ်ပဲ တခြားမြို့က လူတွေပါ လာရောက် ဆင်နွှဲတဲ့ ပွဲတော် ဖြစ်တာကြောင့် လူများပြီး အတော်စည်ကားတဲ့ ပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ မိမိခြံထဲက ထွက်လာတဲ့ ကောင်းပေ့ဆိုတဲ့ အသီးကို ဘုန်းကြီးဆွမ်းကပ်ပြီး ကျန်တာတွေကိုတော့ အိမ်နီးနားချင်းတွေကို လှူတယ်လို့လည်း သိရပါတယ်။ 

လောင်းကိုင်မြို့မှာ ကျင်းပတဲ့ ဒီဒူးရင်းသီးပွဲတော်ဟာ ယခုအခါ သွားလမ်းလာလမ်း လွယ်ကူသွားပြီ ဖြစ်တာကြောင့် ရပ်နီးရပ်ဝေးကလူတွေ အပြင် မြို့ကြိးတွေကနေ တကူးတက လာရောက်ကြသူတွေတောင် ၇ှိပါတယ်။ပရိသတ်ကြီးလည်း ဒူးရင်းသီး ချစ်သူတစ်ယောက်ဆိုရင် ဒီလို ပွဲတော်ကြီးကို လက်လွှတ်မခံသင့်တာကြောင့် သွားရောက်ဆင်နွှဲသင့်တယ်လို့ အကြံပြုလိုက်ပါတယ်နော်။  

Source : BBC Burmese 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။