သိပ္ပံပညာရှင်တွေဟာ မကြာခင်ကမှ အသစ်တီထွင်လိုက်တဲ့ မနက်စာချက်ပြုတ်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီစက်ရုပ်လေးကိုတော့ Louri Petoukhov လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ သားနဲ့အတူ ဒီစက်ရုပ်လေးကို အတူတူတီထွင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Petoukhov ရဲ့ ပြောပြချက်အရ ဒီစက်ရုပ်လေးဟာ ဝက်ဆားနယ်ခြောက် နဲ့ ကြက်ဥကို ရောမွှေပြီး ချက်ပြုတ်နိုင်တယ်လို့လည်း သိရပါတယ်။ သူတို့ဟာ ဒီစက်ရုပ်လေးကို တီထွင်လာတာ တစ်နှစ်ကျော် ကြာခဲ့ပြီး နောက်ဆုံးစမ်းသပ်တဲ့ အကြိမ် ၁၀၄ကြိမ်မြောက်မှ အောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။  

ဒီစက်ရုပ်လေးကိုတော့ ဈေးကွက် မှာ ရောင်းချခြင်းတော့ အခုအချိန်အထိ မရှိသေးပေမယ့်လည်း မနက်စာချက်ပြုတ်နိုင်တဲ့ ဆိုတဲ့ စွမ်းရည်လေးကြောင့် လူတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကိုလည်း ခံနေရတာပဲ ဖြစ်ပါတယ်။ သူပြေသလို တစ်ကယ်ရော အသုံးဝင်ရဲ့လား ဆိုတာ အောက်က ဗီဒီယိုလေးမှာ ကြည့်ရှုလိုက်ပါအုန်းနော်။  

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။