ဒီလ ၁၅ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ်ကား အားလုံးရပ်ဆိုင်းရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချ ုပ်ပြောကြား

ရန်ကုန်တိုင်း အတွင်း လက်ရှိပြေးဆွဲ နေတဲ့ ဘတ်စ်ကား လိုင်းပေါင်း၃၀၀ ကျော်ကို သည်လ ၁၅ ရက်နေ့ညနေကစပြီး ပြေးဆွဲတာ ရပ်နားရမယ်လို ့ ယနေ့ ကျင်းပတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချ ုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

မ ထ သ ဗဟို လက်အောက်က ဘတ်စ်ကားတွေကို သည်လ ၁၅ ရက်နေ့ ည ကနေစပြီး နောက်ဆုံးပြေးဆွဲပေးပြီး ၁၆ ရက်နေ့ မနက်ကစပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က စီစဉ်ပေးထားတဲ့ ဘတ်စ်ကားလိုင်း ၅၈ လိုင်းနဲ့ အစားထိုးပြေးဆွဲပေးမှာဖြစ်ပါတယ်။

ဘတ်စ်ကာူး၅၈ လိုင်းပြေးဆွဲပေးမယ့် လမ်းကြောင်းတွေကို ဘတ်စ်ကား မှတ်တိုင်များ၊ လက်ကမ်းစာဆောင်များနဲ့ သတင်းမီဒီယာများနဲ့ အင်တာနက် ဝတ်ဆိုက်တွေမှာကြေငြာပေးသွားမဟ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။