မေလ 5 ရက်နေ့နံနက် 9 နာရီလောက်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့မီးလောင်မှုအတွင်းမှာတော့ သက်စွန့်စံဖျား ကယ်တင်မှုတစ်ခုပြုလုပ်ခဲ့တဲ့ ကိုပြည့် (ခေါ်) ကိုပြည့်ဇာနည်နွေကတော့ ယခုအချိန်မှာဆိုရင် ကမ္ဘာကျော်သတင်းဌာန တော်တော်များများက ဖော်ပြဂုဏ်ပြုခြင်းခံနေရတယ်လို့သိရပါတယ်။ မီးလောင်မှုဖြစ်ပွားနေချိန်အတွင်းမှာ ပိတ်မိနေတဲ့အမျိုးသမီးတစ်ကို တိုက်နောက်ဖေးရှိပိုက်လုံးတွေပေါ်မှ တွယ်တက်ကာ အသက်ကိုပဓာန မထားဘဲ ကယ်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ online ပေါ်မှာ ပြန့်နှံ့သွားပြီးနောက်မှာတော့ အခုလို ကမ္ဘာကျော်သတင်းမီဒီယာတွေကပါ ဖော်ပြဂုဏ်ပြုခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။

ကိုပြည့်ဟာ ကမ္ဘာကျော် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Daily Mail သတင်းဌာန ကဆိုရင်လည်း Hero တစ်ယောက်အဖြစ်တောင် ဖော်ပြဂုဏ်ပြုခံရတာကိုလည်းတွေ့ရပါတယ်။ဒါ့အပြင်ကိုပြည့်ဟာ လွန်ခဲ့သောရက်အနည်းငယ်ခန့်ကလည်း Naing Group ကနေ ပွဲတစ်ခုနဲ့ ဂုဏ်ပြုကာ ရွှေ ၁ ကျပ်သားခန့်ချီးမြှင့်ခံခဲ့ရတယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ကိုပြည့်ဟာ မြန်မာနိုင်ငံက သတင်းမီဒီယာတွေ တော်တော်များများမှာပါ ဖော်ပြခံနေရပေမယ့် သူရဲ့ ကိုယ်ကျိုးစွန်တဲ့လုပ်ရပ်ကြောင့် ကမ္ဘာကျော် သတင်းဌာနေတွေကပါ အလေးထားဂုဏ်ပြုဖော်ပြခဲ့တာကတော့ လေးစားစရာကောင်းလှပါတယ်။ ပရိတ်သတ်တွေရော သူရဲ့ စိတ်ဓာတ်လေးကို လေးစားကြရဲ့လား။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။