ခိုးကူးခွေနဲ့ ခိုးကူးထားတဲ့ သီချင်းတွေပြည့်နှံ့နေတဲ့ သီချင်းလောက မှာ မနေ့က သီချင်းခိုးကူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲရင့်အောင် ပရိသတ်တွေနဲ့ kpopper တွေ အငြင်းပွားခဲ့ကြပါတယ်။ ပြဿနာကတော့ ယခုလောလောဆယ်မှာ ထွက်ထားတဲ့ ဗီဗီက အားဖြည့်အချိုရည် Rocker ရဲ့ ကြော်ငြာ သီချင်းနဲ့ စတာဖြစ်ပါတယ်။ kpopper က ထိုသီချင်းကို bobby ရဲ့ holdup ကို ကူးချထားပါတယ်ဆိုပြီး စွပ်စွဲတဲ့ အခါမှာတော့.....

ရဲရင့်အောင်ဟာ မြန်မာနိုင်ငံ မှာ နာမည်ကြီးနေတဲ့ အဆိုတော်ထဲမှာပါဝင်တယ်ဆိုလဲ မမှားပါဘူး။ သူရဲ့ ပရိသတ်နဲ့ သူရှိပြီးသားဖြစ်တဲ့ အဆိုတော်ဟာ ယခု လောလော ဆယ်မှာ ဗီဗီ က ထုတ်တဲ့ Rocker အားဖြည့်အချိုရည် ကြော်ငြာနဲ့ ပတ်သက်ပြီး ကြော်ငြာသီချင်းကို ကိုယ်တိုင်ရေး ကိုယ်တိုင် စပ်ထားတဲ့ သီချင်းကို kpopper တွေက ဟိုတလောက ထွက်ထားတဲ့ IKON က Bobby ရဲ့ Holdup သီချင်းကို ကူးတယ်ဆိုပြီးပြောတယ့် အခါမှာတော့ ရဲရင့်အောင်က မခံမရပ်နိုင်ဖြစ်ပြီး ယခုလိုပြန်ပြောခဲ့ပါတယ်။

'YamilYတွေ ဖတ်ဖို ့ပါ။

Rocker Energydrink ကြော်ငြာထဲက ကျနော့်သီချင်းကို copyလို ့ပြောနေကြတာကိုတွေ့ရပါတယ်။ ဒါကို တစ်ချို့ YamilY တွေသိပြီးသားဖြစ်ပေမယ့် မသိသေးတဲ့ YamilY တွေလည်းရှိမှာပါ။ ကျနော်ထပ်ပြောပါမယ်။ copy ပါလို ့ပြောနေတဲ့သူတွေကို ကျနော်ဖြေရှင်းတာမဟုတ်သလိုရှင်းပြတာမဟုတ်ပါ။ ကျနော့် ပရိတ်သတ်တွေကို အသိပေးရုံပါ။

၁။ ဒီသီချင်းကို ကျနော်တို ့ဖန်တီးထားတာ အနည်းဆုံး ၆လကျော်ပါပြီ။

၂။ သီချင်းတစ်ပုဒ်ကိုရေး/ဆို/တီး ပြီးသွားမှ director လက်ထဲရောက်တာပါ။သူနားထောင်ပြီးလို့ရိုက်ကူးရေး အစအဆုံးလုပ်ပြီးသွားရင်တောင် edit လုပ်ရတာ လနဲ့ချီအောင် (အတော်) အချိန်ယူရပါတယ်။

၃။ ဒါကို လွန်ခဲ့တဲ့ ရက်သတ္တပတ်ကမှ ထွက်ထားတဲ့ သီချင်းတစ်ပုဒ်ကို ကူးချထားတယ်ဆိုတာတော့ကာ ဘယ်လို အတွေးနဲ့ပြောမှန်းကျနော် နားမလည်ပါ။ဉာဏ်လည်းမမှီပါ။

၄။ ကျနော့် ဆံပင်ကိုကြည့်ပါ။အခုဆံပင်ပုံစံနဲ့ အရောင်ရော အတိုအရှည်ရောမတူတာ အရမ်းသိသာမှာပါ။ဒီရက်ပိုင်းအတွင်း ဖမ်းခိုးချလိုက်ပြီး။ TVC တန်းရိုက်လိုက်တဲ့ ပုံစံမျိုးဖြစ်နေမယ်တော့မထင်ပါ။

၅။ Korea က Director ရိုက်တာဖြစ်ပြီး ဒါဟာ ကြော်ငြာ (TVC)

တစ်ခုဖြစ်တဲ့အတွက် ကျနော်က Product နဲ့လိုက်ဖက်တဲ့ သီချင်းကိုဖန်တီးပေးယုံပါပဲ။ ( ကျနော်ခိုးချချင်သပ ဆိုရင်တောင် ကျနော့် Music Video မဟုတ်တဲ့အတွက် ကျနော်စွက်ဖက်လို ့မရပါဘူူး။ )

၆။ သီချင်းရိုက်ကူးနေစဉ်ကာလအတွင်း ရိုက်ကွင်းမှာ Korea က Music producer တွေပါရှိနေတဲ့ အတွက် သူတို ့ဆီက သီချင်းတစ်ပုဒ်ကိုခိုးချထားတဲ့လို ့ယူဆထားရင် သူတို့ ့ကိုယ်တိုင်ပြောမှာပါ။ သူတို ့ကအားမနာတတ်ပါဘူး။ဒီကဝေဖန်နေတဲ့ သူတွေထက် နာအောင်ပြောမှာပါ။

၇။ နောက်ဆုံးအချက်ပါ။ အပေါ်က ပြောခဲ့တဲ့အချက်တွေအားလုံးဖတ်ပြီးသွားတဲ့အခါ စိတ်ရှင်းသွားမယ်လို ့ယူဆပါတယ်။ဒါကြောင့် copyတွေ ဒေါ်သီတွေ ဂေါ်လီတွေဆိုပြီး လက်ညှိုးထိုးနေတဲ့ စာတွေ ပုံတွေ postတွေ မြင်ရင် feel မနေပါနဲ့။အငြင်းမပွားပါနဲ့။ဘာမှလည်းပြန်ပြောမနေပါနဲ့။

မအောင့်နိုင်တော့လို ့ တစ်ခုခုပြန်ပြောချင် ပြန်ရေးချင်တယ်ဆိုရင် "ဟက်လား" လို ့တစ်လုံးတည်းပဲ ပြန်ရေးလိုက်ပါ။

ကျနော့်ပရိတ်သတ်တွေ သိရင် ကျနော် ကျေနပ်ပြီ။'

Kpopper တွေဘက်က ကြည့်မယ်ဆိုရင်တော့ ထိုသီချင်းက Bobby ရဲ့ Holdup သီချင်းနဲ့ တော်တော်ကို ဆင်နေတာဖြစ်တဲ့ အတွက်ကြောင့် မြန်မာအဆိုတော် တော်တော်များများ က ပရိသတ်တွေကို ရိုက်စားလုပ်နေတဲ့ ခေတ်မှာ သူတို့လဲ မမှားပါဘူး။

သိုသော်လဲ ရဲရင့်အောင်ဘက်က ကြည့်မယ်ဆိုရင်လဲ ထို သီချင်း Holdup ဟာထွက်ထားတာ တစ်လတောင် မပြည့်သေးပါဘူး။ ဘယ်လောက်ပဲ တူတယ်လို့ ပြောသော်လဲ သီချင်းတစ်ပုဒ်ကို ယခုချက်ချင်း ဆက် ချက်ချင်းရိုက်ပြီး တစ်လ အတွင်းလုပ်ဖို့ ဆိုတာမဖြစ်နိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

သိုသော်လည်း ရဲရင့်အောင်တင်ခဲ့တဲ့ status မှာ သုံးထားတဲ့ စကားလုံးတွေဟာ kpopper ဘက်တွေ က ကြည့်တဲ့ အခါမှာတော့ Bobby က ပဲ ပြန်ပြီးခိုးထားတယ်ဆိုပြီး လို့ ထင်လို့ရတဲ့ အတွက်ကြောင့် ကိစ္စပိုကြီးသွားရခြင်းဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ တူလားမတူလား ခွဲနိုင်အောင်လို့ အောက်မှာဗီဒီယိုကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ပြီး ဆုံးဖြတ်သွားပါနော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။