ကမ္ဘာကျော် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ David Beckham ရဲ့ သားများကဘောလုံးကို စိတ်မဝင်စားပါဘူးလို့ ပြောလာပါတယ်၊ ‘Manchester United နှင့် England ’’ အသင်းတို့ တွင် တစ်ချိန်က အသင်းခေါင်းဆောင်အဖြစ်ခြေစွမ်း တွေးပြခဲ့ တဲ့ကစားသမားတစ်ဦးလဲ ဖြစ်ခဲ့ ပါတယ်။ beckham တွင်သားသမီးလေးဦးအနက် အငယ်ဆုံးသမီးလေးက သာ ဘောလုံးကစားချင်ကို ဝါသနာပါ ပြီးသားသုံးဦး မှာဝါသနာမပါသဖြင့် စိတ်မကောင်းဖြစ်နေရပါတယ် လို့သိရပါတယ်။

သူသားများကို Beckham ကအဖေခြေရာ လိုက်နင်းနိုင်တဲ့ သားများဖြစ်စေချင်ပါတယ် သို့သော် ထင်ထားတဲ့ အတိုင်းဖြစ်မလာ တော့ ဝမ်းနည်းမိပါတယ်လို့ ‘The Graham Norton Show’ အစီအစဉ်တွင် Beckham ကပြောကြားထားပါတယ်။ သားသုံးဦး ဖြစ်သည့် ဘရွှတ်ကလင်း(၁၉)နှစ် ဟာ ဓာတ်ပုံပညာကိုဝါသနာပါပြီး၊ရိုမီယို(၁၅)နှစ်ကတော့ဖက်ရှင်ပိုင်ကိုသာစိတ်ဝင်စားသူလဲဖြစ်ပါတယ်သားအငယ်ဆုံးကာ့ဇ်ကကျောင်းပြီးလျှင် ဂီတလောက ထဲသို့ဝင် မယ်လို့လဲသိရပါတယ်။ သားသမီးတွေ ကိုချစ်တဲ့ စိတ်နဲ့ သူတို့ဝါသနာပါရာ ကိုခွင့်ပြုထားပါတယ်လို့ လဲ ပြောပါတယ်။

အဖေ ခြေရာကို လိုက်နင်းမည် တစ်ဦးတည်းကတော့ အငယ်ဆုံးသမီးလေးပဲဖြစ်ပါတယ်။ ‘သမီးလေး ဟက်ပါက တနင်္ဂနွေနေ့တိုင်း ဘောလုံးကန် တယ်၊ သားတွေကတော့ဘောလုံး ကန်တာစိတ်မဝင်စားကြဘူး။ အဲ ဒီအတွက် ကျွန်တော်ဝမ်းနည်းမိ တယ်။ ဟက်ပါဘောလုံးဆော့ တာကို ကျွန်တော်ထိုင်ကြည့်နေရ တာ အရမ်းသဘောကျတယ်’’ ဟု Beckham ကပြော ပြ ပေးခဲ့ပါတယ် ။ 

photo scoure:david beckham

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။