သရုပ်ဆောင်လွင်မိုးရဲ့ သမီးလေး ယွန်းဝတီလွင်မိုးဟာဆိုရင်လူငယ်တွေကြားမှာနာမည်ကြီးနေတဲ့ အလှပဂေးလေးပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ခဏနားထားပြီးသူမ နိုင်ငံခြားမှာ ပညာတော်သင်သွားဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ချစ်စဖွယ်မျက်နှာလေးနှင့် လူချစ်လူခင်ပေါတဲ့ သူမလို အနုပညာရှင်အတွက်တော့ သူနှင့်ပတ်သက်တဲ့ သတင်းတိုင်းဟာ စိတ်ဝင်စားဖို့ကောင်းနေပါတော့တယ်။

ယခင်တုန်းကတော့ သူမရည်းစားဆိုပြီး သတင်းထွက်ခဲ့တဲ့ သူကို သူမရဲ့ သူငယ်ချင်းလို့ငြင်းခဲ့ပြီးနောက်ပိုင်း ယွန်းဝတီလွင်မိုးရဲ့ ရည်းစားဆိုပြီး နောက်ထပ်ကောင်လေးတစ်ယောက်နှင့်အတူတူ ဖတ်ထားတဲ့ပုံတွေထွက်ပေါ်လာခဲ့သော်လည်း မျက်နှာကို မတွေ့မြင်ခဲ့ရပါဘူး။ ယခုနောက်ပိုင်းမှာတော့ သူမရဲ့ instagram မှာ ကောင်လေးတစ်ယောက်နှင့်တွေ့တွေ့နေရပါတယ်။

ထိုကောင်လေးနှင့်တူတူ edm festival တွေနှင့် ငွေဆောင်ကိုပါ သူငယ်ချင်းတွေနှင့်အတူတူသွားခဲ့တယ်လို့သိရပါတယ်။ ဒီအရွယ်ရောက်မှတော့ ချစ်သူရှိတာမဆန်းပါဘူးနော်။ အချို့သူတွေလို ဘဲအကြီးကြီးတွေ စပွန်တွေမရှာဘဲနှင့် သူမနှင့်ရွယ်တူလေးတွေကိုကြိုက်လို့ ပိုပြီးတောင်ချီးကျူးရမလားဘဲ။ သူမကတော့ ချစ်သူလို့ ပြောမထားပေမယ့်လဲ သူငယ်ချင်းလို့လဲယူဆလို့မရပြန်တော့ ပရိသတ်တွေဘဲ ဆုံးဖြတ်ကြပေါ့နော်.....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။