မြန်မာ လက်ရွှေးစင် ကစားသမားဟောင်းဦးစိုးမြတ်မင်းကို မြန်မာလက်ရွှေးစင်အသင်းလက်ထောက်နည်းပြအဖြစ်လျာ ထားခြင်းခံရကြောင်း ကိုသိရပါတယ်။ ဦးစိုးမြတ်မင်းက နည်းပြဘဝကို ၂၀၁၃ ခုနှစ်တွင် ရှမ်းယူနိုက်တတ်လူငယ်အသင်းကို စတင်ကိုင်တွယ်ခဲ့ဖူးသူလဲဖြစ်ပါတယ်။ ထို့နောက် ၂၀၁၄ ခုနှစ်တွင် မြန်မာလက်ရွှေးစင်အသင်းနည်းပြ အေဗရာ မိုဗစ်၏ နည်းပြအဖွဲ့ တွင်ပါဝင်ဖူးသူလဲ ဖြစ်ပါတယ်။

ထို့နောက် ဖိလစ်ပိုင် နိုင်ငံ က ဖိတ်ခေါ်ဖလား(peace cup)ကိုရယူပေးနိုင်ခဲ့ပါတယ်၊ ၂၀၁၆ ခုနှစ်တွင် ရှမ်းယူနိုက်တတ် နည်းပြချုပ် အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူလဲ ဖြစ်ပြီး ရှမ်းယူနိုက်တတ်ကို MNL cup ဆွတ်ခူး ပေးခဲ့ သူလဲ ဖြစ်ပါတယ်၊ အခုချိန်မှာတော့ ဦးစိုးမြတ်မင်းကို မြန်မာ လက်ရွှေးစင်လက်ထောက်နည်းအဖြစ်လျာထားခြင်းခံရပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ် ကလဲ ဦးစားပေး ထည့်သွင်းစဉ်းစားဖို့လဲ ဖြစ်နိုင်ခြေများပါတယ်။

လက်ထောက်နည်းပြဖြစ်ခဲ့မယ်ဆိုရင် ကျတော်တို့ မြန်မာ အသင်းနဲ့ အတူတူတစ်ချိန်ကခြေစွမ်းပြ ခဲ့ တဲ့တိုက်စစ်မှူး ဦးစိုးမြတ်မင်း ၏လမ်းညွှန် ချက်များနှင့်အတူ၊ မြန်မာလက်ရွှေးစင် အသင်းရဲ့ ခြေစွမ်းတွေး ဘယ်လောက်တတ်လာမလဲ ဆိုတာကတော့ နည်းပြ အပေါ်မူတည် သလို့ကစားသမားတွေးအပေါ်လဲ မူတည် ဖို့လဲ လိုပါတယ်လို့ သုံးသပ်မိပါတယ် ။ 

photo scoure : myanmar football team 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။