"ပိန်တာဝတာထက် နှလုံးသားလှဖို့က ပိုအရေးကြီးတယ်" ဆိုတဲ့ ဖွေးဖွေး

အနုပညာလောကမှာ ပွဲဦးထွက်ကားကြီးနဲ့ အကယ်ဒမီဆွတ်ခူးနိုင်ခဲ့သူ ဝါရင့်သရုပ်ဆောင်များနှင့်ပင် တွဲဖက်သရုပ်ဆောင်နိုင်သူ ပရိသတ်များ၏အချစ်ကို သိမ်းပိုက်ထားနိုင်သူကတော့ ဖွေးစိန် ပဲဖြစ်ပါတယ်။ "လက်ပံ" "နှင်းဆီပါ မောင်" စတဲ့ ဇာတ်ကားတွေနဲ့ ဇာတ်ဆောင်အကယ်ဒမီဆု ရရှိထားပြီး ပရိသတ်ရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ မြန်မာမင်းသမီးကြီးတွေလို ခန္ဓာကိုယ် ပြည့်ပြည့်တင်းတင်း ဖွ့ံဖွံ့ထွားထွားကို ကြိုက်တယ်ဆိုတဲ့ ဖွေးဖွေးဟာ ပရိသတ်တွေရဲ့ အရမ်းဝတယ် ဝိတ်လျှော့ပါ စတဲ့ ဝေဖန်သံတွေကိုတော့ အမှုမထားခဲ့ပါဘူး။ ဒါပေမဲ့…………

၂၀၁၇ ခုနှစ်အတွက် အပျိုစင်မဂ္ဂဇင်းကာဗာပေါ်မှာ ပါလာတဲ့ ဖွေးဖွေးဟာ သိသိသာသာ ဝိတ်ကျနေတာ တွေ့ရပါတယ်။ အစတည်းက ဝိတ်ချစေချင်နေတဲ့ ပရိသတ်တွေက ဝိတ်ကျသွားတယ် ဆိုတဲ့ ဝေဖန်ချက်တွေကိုတော့ အခုလိုပဲ တုန့်ပြန်လိုက်ပါတယ်…………

" For me…only inner soul is important. Not Weight!"

"ခန္ဓာကိုယ် အလေးချိန်ထက် အတွင်းစိတ်က ပိုအရေးကြီးပါတယ်" ဆိုပြီး တုန့်ပြန်ပြောဆိုလိုက်ပါတယ်………

Source: Phway Phway

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။