ရန်ကုန်တိုင်း အစိုးရ ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ တရားပွဲမှာ လုပ်အားပေးခဲ့တဲ့ တက္ကစီယာဉ်မောင်း ဆရာတွေ

ဒ ၆. ၁. ၂၀၁ရနေ့မှာ ရန်ကုန်တိုင်းအစိုးရက ကြီးမှူးကျင်းပတဲ့တရားပွဲရောက်ခဲ့ပါတယ်...

တကယ်တော့ ပထမနေ့တွေထဲက သွားချင်နေမိတာ...အကြောင်းအမျိုးမျိုးနဲ့ မရောက်ဖြစ်ခဲ့...ဒီကနေ့တော့ တရားပွဲနောက်ဆုံးနေ့ ငါဟာ IC show ဆို မရောက်ရောက်အောင်သွားတတ်တဲ့ ပြည်သူ့ရင်ပြင်ကို တရားပွဲကျ မရောက်ဘူးဆို ကိုယ့်စိတ်ကိုယ်မလုံတာနဲ့ပဲ ရုံးဆင်းတာနဲ့ တန်းသွားခဲ့ပါတယ်...

ပြောချင်တာက ဘုန်းဘုန်းရဝေနွယ်အင်းမဟောသွားခဲ့တဲ့ တရားအကြောင်းလည်း မဟုတ်ပါဘူး ( တရားပွဲက ရုပ်သံအစီအစဉ်တွေကနေ တိုက်ရိုက်လွှင့်လို့ နာကြားဖြစ်ကြမှာပါ )...ကိုယ့်လူမျိုးတွေရဲ့ စိတ်စေတနာနဲ့သဒ္ဒါတရားကို ကိုယ်တိုင်ကိုယ်ကျကြုံခဲ့ရလို့ ပြန်လည်ဝေမျှပေးချင်မိတာပါ...

ညနေရုံးကအဆင်း တရားပွဲဆီ တက္ကစီနဲ့အသွား ကားပေါ်မှာ ကိုယ်တို့အုပ်စု ဆူညံဆူညံစကားသံတွေကြောင့် တရားပွဲသွားမယ်မှန်းသိသွားတဲ့ တက္ကစီယာဉ်မောင်းကြီးက ကိုယ်တို့ပေးမဲ့ကားခကျသင့်ငွေကို တရားပွဲမှာ လှူပေးပါတဲ့လေ...သူတကူးတကကြီးမသွားလှူနိုင်လို့ အခုလို သူ့ရဲ့ဒါနပါရမီကို ဖြည့်ပေးလို့ ကျေးဇူးတင်ကြောင်းပါ ပြောသွားခဲ့သေးတယ်...ကိုယ်တွေလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ကားဆရာကြီးကိုယ်စား လှူဒါန်းပေးခဲ့ပါတယ်...

ဒီလိုနဲ့တရားပွဲလည်းအပြီး အပြန်ခရီးလည်းကျရော ပြည့်သူ့ရင်ပြင်ရှေ့ ကားပါကင်နေရာမှာ တန်းစီထားတာ ရာနဲ့ချီတဲ့တက္ကစီတွေ၊ မြို့နယ် ရပ်ကွက်အသီးသီးက ကြိုပို့ယာဉ်တွေက တသီတတန်းကြီးရယ်...တက္ကစီယာဉ်မောင်းကြီးတွေက သွားလိုတဲ့နေရာအသီးသီးကို အခမဲ့ကုသိုလ်ဒါနပြုလိုက်ပို့ပေးကြဖို့ ခေါ်တင်နေတာက အဝေးပြေးဂိတ်မှာ ခရီးသည်ခေါ်နေသလိုပါပဲ...တနေကုန် ယာဉ်မောင်းထားရပေမဲ့ မမောနိုင်မပန်းနိုင် လုပ်အားဒါနပြုတာများ ကြက်သီးထလောက်အောင် ကြည်နူးဖို့ကောင်းလှပါတယ်...

ကိုယ်တွေစီးလာတဲ့ ယာဉ်မောင်းဆရာကြီးဆို အင်းစိန်လူငါးယောက်တင်ပြီးတာတောင် မင်္ဂလာဒုံအထိ လမ်းမကြုံပါပဲ သက်သက်လိုက်ပို့ပေးတာပါတဲ့လေ...တချို့ယာဉ်မောင်းတွေက မိမိပြန်မဲ့မြို့နယ်ဘက်ကို မောင်းပြီး ယာဉ်ကုသိုလ်ပြုကြပေမဲ့ သူကတော့ မြို့ထဲမှာနေတာဖြစ်ပြီး ခရီးဝေးတွေကို တကူးတကလိုက်ပို့ပေးတာပါတဲ့...ကိုယ့်မှာ ယာဉ်မောင်းဆရာကြီးရဲ့ စိတ်စေတနာကို သာဓုအကြိမ်ကြိမ်ခေါ်မိပါရဲ့...

DMG ( Driving Myanmar Group ) ရဲ့ဦးဆောင်မှုနဲ့ စေတနာအပြည့်နဲ့ တရားပွဲစတဲ့နေ့ထဲက မော်တော်ယာဉ်ဒါနပြုကြတာဖြစ်ပြီး ဘယ်သူတဦးတယောက်ကမှ အတင်းအကျပ်စေခိုင်းမှုမရှိပါပဲ နိုင်ရာကို လှူဒါန်းဒါနပြုကြတဲ့ ကားဆရာကြီးများ ဝေယျာဝစ္စလုပ်အားဒါနပြုကြတဲ့ အာဟာရဒါနပြုကြတဲ့ ပရဟိတအဖွဲ့များ အားလုံးအားလုံးသော အဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာနဲ့ တရားပွဲကြီးမှာ ဝိုင်းလို့ဝန်းလို့...

အစိုးရကောင်းတရပ်ရဲ့ ဦးဆောင်မှုနောက်မှာ တာဝန်သိပြည်သူတွေက နိုင်ရာဝန်တွေကိုယ်စီထမ်းလို့...အမျိုးဘာသာသာသနာဆိုတာကို လက်ခမောင်းခတ်ကြွေးကြော်ပြနေဖို့မလိုတဲ့ ဘာသာရေးအောင်ပွဲကြီး တခုပါပဲ...

ပုံ - တရားနာလာသူများ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိအောင် ယာဉ်ကုသိုလ်ပြုပေးကြတဲ့ DMG မှ တက္ကစီယာဉ်မောင်းဆရာများလို့ facebook သုံးစွဲသူတစ်ဦးက ပြန်လည်မျှဝေထားပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။