မြန်မာလူမျိုး ဗုဒ္ဓဘာသာအများရဲ့ ကိုးကွယ်ရာတစ်ခုဖြစ်တဲ့ သာသနာနွယ်ဖွား ရဟန်းသံဃာတော်တွေကိုတော် အားလုံးလေးစားကြည်ညို ကိုးကွယ်ကြပါတယ်။ အဆိုပါကိုးကွယ်မှုတွေထဲက ဗုဒ္ဓဘာသာဝင် သာသနာနွယ်ဖွားကိုရင်ငယ်တစ်ပါးရဲ့ ထူးဆန်းမှုလေးကိုပရိသတ်ကြီးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ 

သာမာန်လူတွေထဲမှာမှ အလွန်ရှားပါးတဲ့ ပုံစံတစ်မျိုးဖြင့် ကိုရင်လေးရဲ့ ခြေလက်အင်္ဂါဖွဲ့စည်းပုံတွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အဆိုပါကိုရင်လေးကတော့ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ကျောက်ကြီးနားကျင်းကျေးရွားသာသနာနွယ်ဖွားကိုရင်ငယ်တစ်ပါး ဖြစ်ကြောင်း သိရပါတယ်။ ကိုရင်လေးရဲ့ ထူးခြားချက်က ခြေလက်အင်္ဂါစုစုပေါင်း ၂၄ ချောင်းရှိနေပြီး သာမာန်ကဲ့သို့ ညီညီညာညာရှိနေကြောင်း တွေ့ရပါတယ်။  

သာမန်လူတွေထက်ထူးကဲပြီး အချို့အချို့သောလူတွေမှာလည်း ခြေလက်အင်္ဂါတစ်ချောင်းပို နှစ်ချောင်းပိုလောက်သာတွေ့မြင်ရပြီး ကိုရင်လေးကတော့ အညီအညာ ၆ ချောင်းစီ ပါဝင်နေတာတွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ရပ်စောက်မြို့နယ် ကျောက်ကြီးနားကျင်းကျေးရွာရှိ သာသနာနွယ်ဖွား ကိုရင်လေးတစ်ပါးရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Photos - True Man

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။