ဂါဇာဒေသမှာ အစ္စရေး တပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် အနည်းဆုံး ပါလက်စတိုင်း ၅၅ယောက် သေဆုံးခဲ့ရတဲ့ အတွက် နိုင်ငံတကာမှာ အစ္စရေးကို ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြတယ်လို့သိရပါတယ်။ပါလက်စတိုင်းတွေကတော့ အစ္စရေး ဆန့်ကျင်ရေးအတွက် ဂါဇာဒေသမှာ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပြီး အခုလို သေဆုံးရမှုကို အစုလိုက် အပြုံလိုက် အသတ်ခံရမှုလို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က ခေါ်ဆိုခဲ့တယ်လို့ိသိရပါတယ်။

ဂါဇာက ပါလက်စတိုင်းတွေရဲ့ အကြမ်းဖက်မှု နှိမ်နင်းခံရစဉ် အတွင်း ဒဏ်ရာရသူ နှစ်ထောင်ကျော် ရှိခဲ့ပြီး ထိုကဲ့သို ဆန္ဒပြ သမားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ အတွက် အစ္စရေးတပ်ဖွဲ့ကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ရှုတ်ချလိုက်ပြီး နှစ်ပြည်ထောင် အတူတွဲ နေထိုင်ရေးကို ဖော်ဆောင်ဖို့ သူက ထပ်မံ တိုက်တွန်းခဲ့တယ်လို့ိသိရပါတယ်

တူရကီ သမ္မတ ရာဂျစ် တိုင်ရစ်ပ် အယ်ဒိုဝမ်ကလည်း အစ္စရေးဟာ အကြမ်းဖက် တဲ့ နိုင်ငံ ၊ လူမျိုးတုန်းသတ်ဖြတ်မှုလုပ်နေတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အခုလို လူအများအပြား သေဆုံးရတာဟာ ပါလက်စတိုင်းက အစ္စလစ်မစ် အဖွဲ့ ဟားမက်စ် ကြောင့်လို့ အစောပိုင်းတုန်းက သမ္မတထရမ့် အစိုးရက ပြစ်တင်ရှုံချခဲ့ပြီး အိမ်ဖြူတော်ရဲ့ ပြောခွင့်ရပုဂ္ဂုလ်တစ်ဦးဖြစ်တဲ့ Raj Shah ဟာဆိုရင်လည်း ဟားမတ်စ် ခေါင်းဆောင်တွေဟာ အစ္စရေးရဲ့ဆောင်ရွက်ချက်တွေကို ရည်ရွယ်ချက်ရှိရှိ ၊ အဆိုးမြင်ကာ ရန်စ ပြုမူကြတယ် ၊ အစ္စရေးဟာ သူ့တို့ကိုယ် သူတို့ ခုခံပိုင်ခွင့် ရှိတယ်လို့ စွပ်စွဲ ပြောဆိုခဲ့တယ်လို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။