နိုင်ငံတကာသတင်းများ

အရှင်လတ်လတ်အရေပြားခွာခံထားရပြီး လမ်းပေါ်မှာစွန့်ပစ်ထားခံရတဲ့ခွေးလေး

တနင်္ဂနွေနေ ၀၈ ဇန်နဝါရီ, ၂၀၁၇ ၁၂:၅၇

Chocolate လို့ အမည်ပေးထားတဲ့ အဆိုပါခွေးလေးဟာ San Francisco မှာရှိတဲ့ လမ်းဘေးခွေးတွေထဲကတစ်ကောင်ဖြစ်ပြီး Cordoba ပြည်နယ်မှာ ရှိတဲ့ လမ်းတွေပေါ်လှည့်လည်ကျက်စားပါတယ်။ ခွေးတွေကိုချစ်တတ်တဲ့ အဆိုပါပြည်နယ်မှာရှိတဲ့ လူတစ်ဦးဟာ အမြဲမပြတ် Chocolate တို့ အုပ်သုရှိတဲ့နေရာတွေပြီး ကြည့်ရှုစောင့်ရှောက်ပါတယ်။

သူဟာငွေကြေးမပြည့်စုံတဲ့အတွက် Chocolate တို့အတွက်နေရာတစ်နေရာမပေးနိုင်ခဲ့ပါဘူး။ တစ်နေ့မှာထုံးစံအတိုင်း Chocolate တို့ကို သွားကြည့်တဲ့အခါ Chocolate ဟာ အရှင်လတ်လတ်အရေပြားခွာခံထားရပြီး အော်ဟစ်နေတာကို တွေ့ခဲ့ပါတယ်။ သူဟာ အမြန်ဆုံး Chocolate ကို ဆေးရုံကိုပို့ပြီး ဆေးကုသမှုခံယူစေခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ခွေးတွေအော်နေတာ ပုံမှန်ဖြစ်နေကြမို့ အမှုမထားဘဲ လာရင်းနဲ့ Chocolate ကိုတွေ့တဲ့အခါ အင်မတန်လန့်ဖြန့်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်တာနက်မှာ အတော်နာမည်ကြီးသွားပေမယ့် လက်သည်ကို မဖမ်းမိနိုင်ခဲ့ပါဘူး။ ဒီလိုရက်စက်တဲ့အပြုအမှုတွေကြောင့် San Francisco မှာ ကန့်ကွက်ဆန္ဒပြပြီး အထက်ကိုတင်ပြနိုင်ဖို့ လက်မှတ်တွေစုဆောင်းခဲ့ကြပြီး တရားခံကိုဖမ်းမိဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။ 

Source : dailypetition

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

စောင့်ကြည့်ကင်မရာတွင် သရဲဝင်ပူးနေပုံပေါက်သည့် အိမ်ဖော်ဖြစ်သူကို တွေ့ရှိ
လူသေအလောင်းနဲ့ ပျော်ပါးမိလို့ ကိုယ်ဝန်ရသွားတဲ့ မိန်းကလေး
တစ်နေ့ကို ဆေးလိပ်အလိပ်၄၀ သောက်တယ်ဆိုတဲ့ ကလေးငယ်လေးရဲ့ပြောင်းလဲသွားတဲ့ပုံစံ
ရုပ်ဆိုးလို့ အဖေဖြစ်သူရဲ့ စွန့်ပစ်ခံရသူလေး

မှတ်ချက်

SPONSORED CONTENTS