ဇနီးဖြစ်သူဟာ ကံကောင်းပြီး ဆေးရုံရောက်လို့ မသေခဲ့ပေမယ့် စကားတောင်မပြောနိုင်တော့ဘူးလို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒယနိုင်ငံ မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး လင်မယားနှစ်ယောက်လုံးဟာ နီပေါက လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဆရာဝန်တွေဟာ အမျိုးသမီးရဲ့ဗိုက်ထဲမှာရှိတဲ့ တလိမ့်တုံးကို ဓာတ်မှန်ရိုက်တဲ့အချိန်မှာတွေ့ရှိခဲ့ပြီး အံ့သြထိတ်လန့်ခဲ့ပြီး အလျင်အမြန်ခွဲစိတ်ကုသပေးခဲ့ရပါတယ်။ ခွဲစိတ်ပြီးတဲ့အချိန် ထွက်လာတဲ့ တလိမ့်တုံးရဲ့ အရွယ်အစားဟာ ၄ဝစင်တီမီတာရှိပြီး လူတစ်ယောက်ရဲ့ ကိုယ်ထဲဝင်ဖို့ အင်မတန်ကြီးမားတဲ့ အရွယ်အစားဖြစ်တယ်လို့ဆိုခဲ့ကြပါတယ်။

အဆိုပါဇနီးဖြစ်သူဟာ ဆေးရုံမှာ စကားပြောဖို့ကိုတောင်ကြောက်ရွံနေခဲ့ပြီး ကုသမှုတွေအပြီးမှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူအကြောင်းပြောဆိုခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ သူမကလေးမမွေးနိုင်တာကို အမြဲအပြစ်တင်ပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ဆိုပါတယ်။ သူနှိပ်စက်တဲ့အကြောင်း ပတ်ဝန်းကျင်သိခဲ့ရင် သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်ထားခဲ့ပြီး အဆိုပါခင်ပွန်းဖြစ်သူကတော့ ယခုအချိန်မှာ ဇနီးဖြစ်သူကို မတရားကျင့်မှု၊ သတ်ရန်ရင်ဆိုင်မှုနဲ့ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Source : Dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။