မိန်းကလေးတစ်ယောက်အနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အရေးကြီးပါတယ်။ဒါကြောင့် အခုဖော်ပြ ပေးမှာကတော့ မိန်းကလေးတစ်ယောက်ဟာ မိမိကိုယ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ ဆိုတာကို အသိပညာတစ်ခုအနေနဲ့ ကျန်းမာရေးတစ်ခုအနေနဲ့ ရေးသားသွားမှာဖြစ်ပါတယ်။ အဓိကအရေးကြီးတာက အတွင်းခံဘောင်းဘီ ပဲဖြစ်ပါတယ်။ ခုဈေးကွက်ထဲမှာခြည်ထည် ဘောင်းဘီ် တွေဟာ ဈေးကြီးတဲ့အတွက် ဓာတ်တုဗေဓ ချည်မျှင်တွေနဲ့ ထုတ်လုပ်ထားတဲ့ ဈေးနည်းတဲ့ အတွင်းခံတွေကို များများစားစား ဝတ်လာကြတာတွေ့ရပါတယ်။ 

ဒီလိုအတွင်းခံတွေက မကောင်းတဲ့ဘက်တီးရီးယားတွေကို ပိုပွားစေပါတယ်။ပြီးတော့ တင်းကြပ်နေတဲ့ ဘောင်းဘီတွေမဝတ်မိပါစေနဲ့နော်။အမျိုးသမီးတွေအနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေမဖြစ်အောင် တစ်လတစ်ကြိမ် (သို့မဟုတ်) တစ်နှစ်တစ်ကြိမ် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ စစ်ဆေး သင့်ပါတယ်။အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ် ကိုမိမိဖာသာ သန့်ရှင်းရေးလုပ်နိုင်ပြီး ဓာတုဆေးတွေ မသုံးမိဖို့တော့လိုပါတယ်။ 

ရေများများသုံးပေးပါ။အထူး သတိထားရမှာက ကိုယ်ဝန်တားပစ္စည်းတွေ၊ ရာသီခံတဲ့ pad ထုတ်တွေ ၊ သန့်ရှင်းနေဖို့ လိုပါတယ်။ ရာသီခံ တဲ့pad တွေကို တော့ ၄ နာရီခြား တစ်ခါ အနည်းဆုံးထားပြီး လှဲပေးသင့်ပါတယ်။ မစင်စွန့်ပြီးတဲ့အခါမှာ လည်း မစင်များစင်အောင် ရေဆေးပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ယောဂကျင့်စဉ်ကို ကျင့်ပေးခြင်းဖြင့် သားအိမ်ကို ကျန်းမာစေပါတယ်။အားလုံးကျန်းမာကြပါစေနော်။

Source : Youtube

Source : Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။