ဘာနေဗျူးတွင် ဂရန်နာဒါအသင်းအား (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ် ကစားသမား စီရော်နယ်ဒိုသည် ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအပါအဝင် ၎င်းရရှိခဲ့သော ကမ္ဘာ့အကောင်းဆုံး ဆုများကို ပရိတ်သတ်များအား ခင်းကျငးပြသသည့် အခမ်းအနားတစ်ရပ် ပြုလုပ်သွားခဲ့သည်။

အဆိုပါ အခမ်းအနားကို ရီးရဲလ်မက်ဒရစ် အသင်း၏ တာဝန်ရှိသူများက ဆောင်ရွက်ပေးသွားခဲ့ခြင်း ဖြစ်ပြီး၊ ရီးရဲလ်မက်ဒရစ် ဂန္တာဝင် ကစားသမားများ ဖြစ်ကြသော ပြင်သစ် ကစားသမား ရေမွန်၊ ဘရာဇီး ဂန္တာဝင် ရော်နယ်ဒို၊ ပေါ်တူဂီ ဂန္တာဝင် ဖီဂိုနှင့် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း မိုက်ကယ်အို၀င်တို့လည်း တက်ရောက်ခဲ့ကြသည်။ ထိုပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ် အသင်းက ဘာစီလိုနာ၏ (၃၉)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သည့် စံချိန်ကိုလည်း အမီလိုက်နိုင်ခဲ့သည်။

#AZL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။