မြန်မာ့ရုပ်ရှင်အနုပညာနဲ့ ဇာတ်သဘင်လောကအထိမသိသူရှား နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ကျော်ကျော်ဗိုလ်ကို အားလုံးကြိုက်မယ်ထင်ပါတယ်။ လက်ရှိအနုပညာဇာတ်ကားများစွာနဲ့အတူ နှင်းဆီအကြိမ့်အဖွဲ့ကိုပါ ဦးဆောင်နေတဲ့ သူတစ်ဦးဆိုလည်းမှားမယ်မထင်ပါဘူး။ လက်တလောပရိသတ်တွေနဲ့ဝေးကွာနေပေမယ့် တနေ့တာလှုပ်ရှားမှုတွေကို ဓာတ်ပုံများနှင့်တကွ အမြဲမပျက်ပြောပြလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ 

ဒီကနေ့ သရုပ်ဆောင်ကျော်ကျော်ဗိုလ်ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အရင်ကအမှတ်တရတွေထဲကအချို့ကို သတိတရဖြစ်နေကြောင်း သိရပါတယ်။ အဆိုပါ အမှတ်တရတွေက "ဆံပင်အရှည်၊ နှုတ်ခမ်းမွေးလေးနဲ့ 6 packsခန္ဓာကိုယ်တို့ပဲဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ရဲ့စာသားလေးက

" သတိရတာတွေမတရားများနေပြီ

ဆံပင်ရှည်ရယ် ... နှုတ်ခမ်းမွှေးရယ် ... 6 packs ရယ်

အင်း .... ??? ရယ် ...

Enough ... တော်ပြီ ... မနိင်တော့လို့ " ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။

ဟိုအရင်က ခက်မိုက်မိုက်စတိုင်လေးနဲ့အတူ ဆွဲမတ်ဖွယ်ရာ ခန္ဓာကိုယ် ကိုပြန်လည်လွမ်းဆွေ့တမ်းတနေတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့ ဟိုအရင်ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။