ထူးထူးခြားခြားဇာတ်ကားတွေအမြဲရိုက်လေ့ရှိတဲ့ သရုပ်ဆောင်နေထူးနိုင်ကတော့ လက်တလောလူမှုကွန်ယက် မှာဝေဖန်မှုမျိုးစုံ၊စိတ်ညစ်စရာမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းလူမှု ကွန်ယက်မှာပျံနှံ့နေတဲ့ နေထူးနိုင်ရဲ့ Photoshot ဓာတ်ပုံတွေ၊ဗီဒီယိုတွေနဲ့ စနောက်လှောင်ပြောင်နေကြတဲ့ ပိုစ့် တွေဟာများစွာကို ထွက်ပေါ် နေတာကြောင့် သူအတွက်တော့တော်တော်လေးစိတ်အနှောက်ယှက်ဖြစ်စေမယ် လို့ထင်ပါတယ်။

ဒီနေ့မှာလည်း Troller တွေရဲ့ Photoshot ဓာတ်ပုံတွေနဲ့ နေထူးနိုင်ကို အဆိုတော်တွေနဲ့ ရန်တိုက်ပေးထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်မှာပျံ့နှံနေပြန်ပါပြီး။Photoshot ဓာတ်ပုံတွေမှာတော့ သာမာန်စနောက်ထားတဲ့ ပုံ တွေပါသလို ရိုင်းစိုင်းစွာဆဲဆိုထားတဲ့ ဓာတ်ပုံတွေလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ်။ 

တစ်ချို့ပရိသတ်တွေအတွက်တော့ စနောက်ပြီးရယ်စရာအဖြစ်နဲ့ လုပ်လိုက်ကြပေမယ့် နေထူးနိုင်အတွက်တော့ တော်တော်လေးစိတ်အနှောက်ယှက် ဖြစ်စေမယ့်အရာတွေပဲ ဖြစ်ပါတယ်။နေထူးနိုင်ကတော့ ဘားမှတုန့်ပြန့်ထား ချင်းမရှိပဲ ဒီတစ်ခါတော့ အဆိုတော်တွေနဲ့ ဆိုတဲ့စာလေး ကိုသာရေးသားပြီး Photoshot ဓာတ်ပုံတွေကိုသူရဲ့ လူ မှုကွန်ယက်က နေတင်လိုက်တာပဲ ဖြစ်ပါ တယ်။နေထူးနိုင်ကတော့ဘယ်လို အတိုက်အခိုက်ဝေဖန်မှုတွေရှိနေပါစေ သူရူးသွပ်တဲ့အနုပညာကို သူ့စိတ်ကြိုက်ဆက်လက်ကြိုးစားလုပ်ကိုင်သွားမယ့် ထူးခြားတဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - နေထူးနိုင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။