ဒီရက်ပိုင်းမှာတော့ အနုပညာတော်တော်များများရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်အကောင့် ဟက်ခံနေရတယ်ဆိုတဲ့ သတင်းတွေ Social Media တွေပေါ်မှာတော်တော်လေးကို မြင်တွေ့နေရပါတယ်။ဒီနေ့မှာလည်းပရိသတ်တွေကို ရယ်မောပျော်ရွှင်စရာ ဟာသပြတ်လုံးတွေနဲ့ ဟာဒရရွှင်ဆေးတိုက်ကျွေးနေတဲ့ သရုပ်ဆောင်ခင်လှိုင်ရဲ့ လူမှုကွန် ယက်အကောင့်လည်း ဟက်ကာတွေလက်ထဲပါသွားခဲ့တယ်လို့ သိရပါတယ်။ 

အနုပညာလမ်းကြောင်းပေါ်မှာ အေးချမ်းစွာဖြတ်သန်းနေတဲ့ ခင်လှိုင်ရဲ့ အကောင့် အဟက် ခံလိုက်ရတာကြောင့် ချစ်စရာကောင်းတဲ့ ခင်လှိုင်ရဲ့ သမီးလေးကတော့ အရမ်းကို ဒေါသတွေ ပေါက်ကွဲနေပါတယ်။သူမရဲ့လူမှုကွန် ယက်မှာလည်း ဖခင်ဖြစ်သူအကောင့်ပါသွားတာနဲ့ ပတ်သတ်ပြီး ပေါက်ကွဲသံစဉ်တွေကို အခုလိုပဲရေးသားဖွင့်ဟ လိုက်ပါတယ်။“ဖေဖေ့ acchackခံထားရပါတယ်ဖေဖေကသူaccကိုအမြဲလည်းမသုံးပါဘူးသူတင်ချင်တာရှိရင်ညီမကိုတင်ခိုင်းတယ်အားရင်NFကြည့်တယ်ခုနောက်ပိုင်းရေအလှူကိစ္စလေးတွေကြောင့်အမြဲလိုလိုပုံတင်ဖြစ်တယ်ဒီလောက်ပါပဲ....ဒီလိုhackခံရတယ်ဆိုတာရိုးနေပါပြီ။

ညီမဘာအနုပညာအလုပ်မှမလုပ်ပဲအေးဆေးနေတဲ့သူaccလည်းhackတယ်အကုန်လိုက်hackနေကြတော့တာပဲဖေ့ဘွတ်ကဘဝကြီးမဟုတ်ပါဘူး၊ဒီအကောင့်ပျက်လည်း နောက်acc ထပ်ဖွင့်ရုံပေါ့ညီမဆိုခဏခဏhackခံရလွန်းလို့ဒါ4ခုမြောက်ပါ၊ သုံးလို့ဝသွားရင် လည်းပြန်လာပေးပေါ့နော်၊cbမှာသွားတောင်းရအောင်ဖေဖေလည်းအားဘူး ညီမ တို့လည်း မအားဘူး”ဆိုပြီးရေးသားလိုက်တာပဲ ဖြစ်ပါတယ်။သူမကတော့ အနုပညာလုပ်ငန်း တွေမလုပ်ပေမယ့် လည်း လွန်ခဲ့တဲ့ လပိုင်းလောက်က ဟက်ကာအဖွဲ့တစ်ခုရဲ့ ထိန်းသိမ်းခြင်းခံခဲ့တာကြောင့် လက်ရှိမှာ အကောင့် အသစ်တစ်ခုနဲ့ အသုံးပြုနေတာပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - သဇင်ထူးမြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။