မင်္ဂလာဆောင်အခမ်းအနားဆိုတာ မြန်မာအမျိုးသမီးတွေရဲ့ ဘဝမှာ တစ်သက်မှာ တစ်ခါဘဲ ကျင်းပခွင့်ရှိတယ်လို့ ယူဆကြတဲ့ အခမ်းအနားတစ်ခုပါ။ မင်္ဂလာခန်းမကြီးရဲ့အလည်မှာ အလှပဆုံး သတို့သမီးတစ်ေ်ယာက်အဖြစ် အများကငေးကြည့်ခံချင်ကြမှာက သတို့သမီးအလောင်းအလျာတိုင်းရဲ့စိတ်ကူးပါပဲ။ မကြာခင်ကာလမှာ ဝါဝင်တော့မှာဖြစ်တဲ့အတွက် ဝါမဝင်ခင် အစွံထုတ်ကြမယ့် သတို့သမီးတွေအတွက် ဖက်ရှင်ကျကျလှပစေနိုင်ဖို့ လတ်တလောမှာခေတ်စားနေတဲ့ မင်္ဂလာဝတ်စုံ နဲ့မိတ်ကပ် ပြင်ဆင်မှုဒီဇိုင်းတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

လတ်တလောမှာအများဆုံးဝတ်ဆင်နေကြတာကတော့ တည်ငြိမ်တဲ့ အရောင်လေးတွေဖြစ်တဲ့ ခရမ်းရောင် ၊ ရွှေရောင် ၊ ရွှေဖလားရောင်၊ ပန်းရောင် အစရှိတဲ့အရောင်တွေပါ။ လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်များဆီက ဝတ်စားဆင်ယဉ်မှုတွေလို မဟုတ်တော့ဘဲ တည်ငြိမ်ကျက်သရေရှိတဲ့ အပြင်အဆင်တွေကို တွေ့ရပါတယ်။ခြုံပုဝါကို အမျိုးမျိုးတန်ဆာဆင်ပြီး ဖန်တီးသူဒီဇိုင်နာများရဲ့ ကိုယ်ပိုင်လက်ရာအဆင်အသွေးတွေကိုသူ့ထက်ငါ ဆန်းသစ်ထားတာကိုတွေ့ရပါတယ်။ မိတ်ကပ်ပြင်ဆင်မှုတွေမှာလည်း အရောင်မျိုးစုံ ဆန်းဆန်းပြားပြား ပြင်ဆင်တာမျိုးထက် သဘာဝကျကျ မျက်တောင်တုကအစ ပါးပါးလျားလျား ချယ်မှုန်းလာကြတာကိုတွေ့ရပါတယ်။ခေတ်စားတဲ့ ဆံထုံးပုံစံများမှာ ယခင် ဆံမြိတ်ချဆံထုံးပုံစံအပြင် ၊အပုံ့ဆံထုံး၊ ဒေဝီဆံထုံး၊ ဖန်စီဆံထုံးများကို ထုံးဖွဲ့လာကြတာတွေကိုလည်း တွေ့ရပါတယ်။ 

မကြာသေးခင်အချိန်အတွင်းက သတို့သမီးဝတ်စုံလောကအတွက် တစ်ခေတ်ဆန်းသစ်စေတဲ့ ရိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပါတယ်။ Hello Kitty များဖြင့်ဆင်ယဉ်တဲ့ မင်္ဂလာပွဲက အရုပ်ချစ်သူ အမျိုးသမီးငယ်လေးတွေအတွက် ရိုမက်တစ်အဆန်ဆုံးမင်္ဂလာပွဲတစ်ပွဲဖြစ်ခဲ့သလို Hello Kitty ထိုင်မသိမ်းဝတ်စုံဟာလည်း Idea အသစ်ဖြင့် မင်္ဂလာဝတ်စုံလောကကိုရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အခုလို သမားရိုးကျ အချိတ်ဆင် ထိုင်မသိမ်းများနေရာမှာ Hello Kitty ထိုင်မသိမ်းဝင်ရောက်လာခြင်းက ကာတွန်းချစ်သူ အမျိုးသမီးငယ်တွေအတွက် ပိုမိုဆန်းသစ်တဲ့ဝတ်စုံတွေကို အနာဂတ်မှာ မြငေ်တွ့လာရဖို့လမ်းစတစ်ခုဘဲဖြစ်ပါတယ်။ 

မြန်မာ့ရိုးရာထိုင်မသိမ်းဝတ်စုံဟာ ပိန်သူဝသူမရွေး ပွဲလည်တင့်စေတဲ့ဝတ်စုံဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးဝတ်ပြီး ရိုးရိုးယဉ်ယဉ် သတို့သမီးအဖြစ်ပြင်ဆင်လိုကြသူများအတွက် ဝတ်စုံနဲ့မိတ်ကပ်ပြင်ဆင်မှုများကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။

@ Draupadi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။