ရုပ်ရှင်နဲ့ဟာသသရုပ်ဆောင်ပွင့်က တော့ ၀၀ကစ်ကစ်လေးနဲ့ အသည်းယားစရာ ချစ်စဖွ ယ် အမူရာလေးတွေနဲ့ ပရိသတ်အချစ်တွေကို သိမ်းကြုံးုယူထားသူလေးပါ ။ သူမ က သူမရဲ့ ပထမ ဆုံး တေးစီးရီး အယ်လ်ဘမ် ဖြစ်တဲ့ "ဘေဘီပွင့်" Solo Albulm အတွက် ရင်ခုန် စိတ်လှုပ် ရှား နေတယ်လို့လဲ သိရပါတယ် ။ သဘက်ခါဆို သူမရဲ့တေးစီးရီးအယ်လ်ဘမ်က ပရိသတ် လက်ထဲရောက်တော့မှာမလို့ ရင်တွေခုန်ပြီး အရမ်းကြောက်နေတယ်လို့လဲ သူမရဲ့ Facebook  စာမျက်နှာမှာရေးသားထားပါတယ် ။ သူမရဲ့ တေးစီးရီး အယ်လ်ဘမ်ကို လှည်းတန်းစင်တာမှာ သူမနဲ့အတူ တခြားအနုပညာရှင်များက လက်မှ တ်ရေးထိုးပေး သွားမယ်လို့သိရပါတယ် ။

တေးစီးရီးခေါင်းစဉ်အနေနဲ့ပေးထားတဲ့ "ဘေဘီပွင့်" ဆိုတဲ့ သီချင်းကိုတော့ Featuring-ဝေ ကြီး ကသီဆိုပေးထားပါတယ် ။ တေးရေးအနေနဲ့ကတော့ နောင်နောင် (SF) ၊ ရွှေဂျော်ဂျော်၊ ဟဲလေး ၊ ဆလိုင်း ၊ ညီမင်းခိုင် ၊ ဝကြီး ၊ မောင်သီ ၊ သဟာအောင် တို့က ရေးသားပေးထား ကြပါတယ် ။ Band အနေနဲ့ကတော့ Hi Bird ၊ Art Robots ၊ Oxygen ၊ မျိုးဇော်ထက်၊ မောင် မောင်ပြည့်စုံ၊ Right D တို့ပါဝင်တယ်လို့လဲသိရပါတယ် ။ သူမခွေကို ပထမဆုံးဝယ်ယူတဲ့ ပရိသတ်တွေ ကိုလည်း အမှတ်တရ လက်ဆောင်လေးတွေ ပြန်ပေးသွား ပါမယ် လို့ပြော ထားပါတယ် ။

သူမရဲ့ပရိုမိုးရှင်းပွဲကို ယခုလာမယ့် 18.5.2018 သောကြာနေ့ လှည်းတန်းစင်တာ (outdoor) မှာ 4:00pm ကနေ 7:00pm မှာစတင်ဝယ်ယူလို့ရပါပြီလို့သိရပါတယ် ။ သူမအနေနဲ့ ဝါသနာပါလွန်းလို့ သီချင်းသီဆိုခဲ့တာဖြစ်ပြီး သူမရဲ့အဓိက သရုပ်ဆောင်တဲ့ အလုပ် ကိုတော့ ဆက်လုပ်လုပ်ကိုင်သွားမှာပါလို့သိရပါတယ် ။ ဟာသသရုပ်ဆောင်အနေနဲ့ ပရိသတ်ချစ်ခင်မှုအပြည့်အဝရရှိထားပြီးသား သူမဟာ သီချင်းတွေနဲ့အတူ ပရိသတ်ကို ထပ် မံဖမ်းစားဦးမှာပါ ။ ဒါကြောင့်သူမရဲ့မြူးကြွသွက်လက်တဲ့ သီချင်းလေးတွေကို ပရိသတ် ကြီးလဲ စောင့်မျှော်အားပေးလိုက်ကြပါဦးနော် ။

Source : Pwint Cele

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။