ပရိသတ်အချစ်တော်ကြီးအောင်လအန်ဆန်းကတော့ မကြာမီယှဉ်ပြိုင်မည့် မစ်ဒယ်ဝိတ် ချန်ပီယံကာကွယ်ပွဲအတွက် စိုးရိမ်ပူပန်မှုအချို့ရှိခဲ့တာတွေ့ရပါတယ်။ လီယမ်ဒရို အက်တီးစ်ကတော့ မေလ ၁၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ ‘ONE Championship: Grit and Glory’ ပွဲတွင် ကမ္ဘာ့ချန်ပီယံဟောင်း ဗစ်တာလီ ဘစ်ဒက်ရှ်ကို အလဲထိုးအနိုင်ရရှိခဲ့ပြီး လက်ရှိမစ်ဒယ်ဝိတ်ချန်ပီယံအောင်လအန်ဆန်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာပဲဖြစ်ပါတယ်။  

အဆိုပါ ပြိုင်ပွဲတွင် ဘရာဇီးနိုင်ငံသား ဂျူဂျစ်ဆု ငါးထပ်ကွမ်း လီယမ်ဒရို အက်တီးစ် (Leandro Ataides) ဟာ ကမ္ဘာ့ချန်ပီယံဟောင်း ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို တတိယအချီ (၂) မိနစ် (၄၁) စက္ကန့်အရောက်မှာပဲ အလဲထိုးအနိုင်ရယူခဲ့တာ တွေ့ရပါတယ်။ အားသာချက်အားနည်းချက်တွေ နီးစပ်နေပြီး ပြိုင်ဘက်ရဲ့ အင်အားကို စိတ်လှုပ်ရှားနေကြောင်း အောင်လရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ေ/ရးသားပြောပြထားတာတွေ့ရပါတယ်။  

အောင်လရဲ့စာသားလေးကတော့" Leandro Ataides ဆိုတဲ့ပြိုင်ဖက်နဲ့ယှဉ်ပြိုင်ရမယ့်ပွဲအတွက် ကျွန်တော်အရမ်းပဲစိတ်လှူပ်ရှားနေပါတယ်။ကျွန်တော်တို့နှစ်ယောက်လုံးမှာ လက်သီးတွေ ခြေကန်ချက်တွေ ဒူးတိုက်ချက်တွေနဲ့ပွဲသိမ်းနိုင်မယ့် အခြေအနေရှိကြတယ်။

ဒါဟာတကယ့်စိတ်လှူပ်ရှားစရာဖြစ်ပါတယ်။ဒီတော့ JUNE လ၂၉ ရက်မှာပြိုင်မယ့်ဒီပွဲကိုဘယ်သူတွေကြည့်ကြမလဲ။ကျွန်တော့်အနေနဲ့ပရိသတ်အားလုံးအတွက် ကိုယ်စားပြုပြီးအကောင်းဆုံးယှဉ်ပြိုင်မှာဖြစ်ပါတယ်။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်တွေကိုယ်စားပြုကာ အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်သွားမယ်ဆိုတဲ့ အောင်လအန်ဆန်းကို ချစ်ပရိသတ်ကြီးနဲ့ အတူတူအားပေးဖို့မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။