လက်တလောမှာတော့ အနုပညာတွေရဲ့ လူမှုကွန်ယက်အကောင့်တွေ တော်တော်များများအဟက်ခံနေရပြီး ငွေညှစ်တယ်ဆိုတဲ့ သတင်းတွေနေ့တိုင်းလိုလိုကြားနေရပါတယ်။အိမ်ထောင်ရေးကံကောင်းပြီး အနုပညာလော ကမှာ နာမည်ပျက်မရှိခဲ့ပဲ လက်ရှိမှာ မိသားစုနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့ မိုးယုစံကတော့ ရဲ့လူမှုကွန် ယက်အကောင့်လည်း အဟက်ခံလိုက်ရတယ်လို့ သိရပါတယ်။ 

သူမကတော့ လက်ရှိမှာ Moe Yu San အကောင့်နဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့သားလေး Kaung Theinkha Moe အကောင်းနှစ်ခုကိုသုံးနေတာပဲ ဖြစ်ပါတယ်။သူမရဲ့ Moe Yu San အကောင့်ဟာ ဟက်ကာတွေလက်ထဲ ပါသွားခဲ့တာကြောင့် သူမရဲ့သားလေး အကောင့်ကနေ ပရိသတ်တွေကိုအသိပေးလိုက်တာပဲ ဖြစ်ပါတယ်။  

သူမရဲ့သားလေးအကောင့်ကနေ“ Moe Yu San အကောင့်က ဒီနေ့ကစပီးတင်သမျှ လုပ်သမျှ မိုးယုမ ဟုတ် ပါ။ဘာကြောင့် သူများအကောင့် တွေလိုက်ယူပီး စိတ်မချမ်းသာအောင်လုပ်ရတာလားဆိုတာ နားမလည်ပါဘူး။ သူများပစ္စည်း သူများပိုင် တာ မသိအောင်ခိုးယူချင်ဟာ ကံ၅ပါးထဲက အဒိန္နာဒါနာကံထိုက်ပါတယ်။ ဘာမှလည်းမရှိလို့ ပြန်ပေးစေချင်ပါတယ် အမှတ်တရတွေသိမ်းထားတာဆိုတော့ အကောင့်ကိုပြန်ပေးပါ မဆုံးရှုံးချင်ပါဘူး” ဆိုတဲ့စာလေးရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သားလေးနဲ့ မိသားစုကိုအေးချမ်းစွာဖြတ်သန်းနေ တဲ့သူလေးဖြစ်တာကြောင့်ပရိသတ်တွေအရမ်းကိုဒေသထွက်နေကြပါတယ်။သူမရဲ့ အကောင့်လေးအမြန်ဆုံးပြန် ရပါစေလို့ဆုတောင်းပေးကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - Kaung Theinkha Moe Thu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။