ကလေးနှစ်ယောက်နဲ့ အလုပ်ရှုပ်နေတဲ့ သက်မွန်မြင့် 

ခလေးနှစ်ယောက် အမေဘဝ!နှစ်ယောက်လုံး တစ်ပြိုင်တည်းနိုးလာသောအခါအိပ်ရေးမဝလို့ အမေကိုပြန်သိပ်စေချင်သော သားနဲ့ နို့ဆာနေသော သမီးကြားက ပရိတ်သတ်တို့ ချစ်သော ရွှေမင်းသမီးရဲ့ဘဝ.. ဟီးဟီးနို႔ပေးမတိုက်ပဲ အမေပေါ် အတင်းကုတ်တက်နေသော သားတော်မောင် ဓါတ်ပုံရိုက်မယ်ဆ်ိုတော့ငြိမ်သွားတုန်း အိပ်ရာပေါ်တင်.. (ပိုးက မသေးဘူး..

သူငြိမ်အောင် ဒါလေး အသုံးချရတာမီးတွင်း ၄၅ ရက်ကို အလေးပင်မ မရဘူးတဲ့လေ.. သားတော်မောင်က အဖေ မရှိချိန်ဆို အမေကိုတွယ်ကပ် ကုတ်တက်နေလေတော့ ဖြစ်ချင်တာ ဖြစ်ခါမှဖြစ်ရော သူစိတ်ချမ်းသာဖို့ အရေးကြီးတယ်လေနော! (မဆူကြနဲ့နော်)အဖေကလည်း အလုပ်မသွားလို့မှ မရတာအလုပ်လုပ်တဲ့ချိန်မှာ ဇာတ်ကောင်အတိုင်း ပီပြင်အောင်ကြိုးစားရသလို မိခင်ဘဝမှာလည်း မိခင်ကောင်းပီသအောင် အကောင်းဆုံးကိုယ့်ဘက်က ကြိုးစားရမှာပဲလေနော်. ဒီလိုချိန် ကြည်နူးရတာ ဘာနဲ့မှလဲ မတူပါဘူး။

လွမ်းတယ်..ပုံတင်ပေးပါပြောလို့..ပြင်ဆင်ပြီး လှပနေတာ မဟုတ်ပေမယ့် သဘာဝနဲ့ အဓိပ္ပာယ်ရှိတယ် ထင်လို့ ဒီပုံလေးတင်ပေးတာပါ.. မျက်နှာတော့ မတင်ရဲသေးဘူး.. လန့်မှာစိုးလို့)HAPPY SUPER SUNDAY လို့ ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ပေါ်မှာရေးသားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။