ကျန်းမာရေးအနေနဲ့ ပြောစရာတွေ အများကြီးရှိပါတယ်။ ဒီသန္ဓတားဆေးနဲ့ ပတ်သက်ရင် ကောင်းကျိုး ဆိုးကျိုး ရှိကြသလို သုံးသင့်မသုံးသင့် ဆိုတာလည်းရှိပြန်တယ်။အဓိကတော့ အရေးပေါ်သန္ဓေတားဆေးဆိုတာ ကိုယ်ဝန် မရချင်လို့ တားတဲ့သဘောပါပဲ။ခုခေတ်မှာတော့ အလွယ်တကူ ဝယ်ယူသုံးစွဲကြပါတယ်။ကိုကို မမ တွေကလည်း လက်မထက်ရသေးဘူး အတူနေကြတဲ့ ခေတ်လိုဖြစ်နေတဲ့အတွက် ကြောင့်လည်း ဒီသန္ဓေတားဆေး အကြောင်း ကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

တစ်ချို့အမျိုးသမီးတွေကတော့ IUD ပစ္စည်းကို မသုံးတော့တဲ့ အချိန်မှာ ဒီအရေးပေါ်သန္ဓေတားဆေးကို သုံးကြ တာများပါတယ်။ပြီးတော့ အရေပြားအောက် ထည့်သွင်းရတဲ့ သန္ဓေတားဆေးတွေလည်း ရှိကြပါတယ်။ဒီအရေး ပေါ်သန္ဓေတားဆေးကို လိင်ဆက်ဆံပြီးတိုင်း သောက်သုံးသူတွေရှိလာပါတယ်။ ဒီဆေးကတော့ နာရီ (၁၂၀) အတွင်းမှာသောက်ထားပေးရင် ကိုယ်ဝန်ရရှိနိုင်တာကို တားဆီးပေးနိုင်ပြီး ရာခိုင်နူန်း ၈၉ ရာခိုင်နှုန်းလောက် တား ဆီးပေးပါတယ်။ချက်ချင်းသောက်ရင်တော့ ပိုအာနိသင်ရှိတယ်လို့ ဆိုထားပါတယ်။ 

တစ်လကို တစ်ကြိမ်လောက်သုံးရင်တော့ ကျန်းမာရေးအတွက်မထိခိုက်စေဘူးလို့သိရပါတယ်။တစ်ကြိမ်ထက် ပိုသုံးမိရင်တော့ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာ မမှန်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ ရင်သားတင်းရင်းခြင်း တို့ ခံစားရတာတို့ ဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲအနေနဲ့ ခေါင်းမှုးတာတို့၊ နုံးချိတာတို့ ခံစားရပါတယ်။ဒါပေမဲ့ စိုးရိမ်စရာမလိုဘူး လို့သိရပါတယ်။ရာသီ စောလာတာ နောက်ကျတာတွေ ဖြစ်တတ်ပါတယ်။ အားလုံးပဲကျန်း မာရွင်လန်းကြပါစေ။

Source : youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။