ဓာတ်တိုး အာနိသင်ပါဝင်မှု့ကြောင့် စွမ်းအားပြည့်ဝသောဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ဟိုနှစ်ပေါင်းများ စွာကတည်း ကတိုင်းရင်းဆေးတိုင်းတွင် အသုံးပြုလာခဲ့ခြင်းဖြစ်ပါတယ်။ အသီးရောအရွက်ပါအသုံး ဝင်တာကြောင့် လူတိုင်း ကြိုက်နှစ် သက်တဲ့ သီးနှံဖြစ်ပါတယ်။ အာရှမှာဆေးဖက်ဝင်အပင်အဖြစ် အသိမှတ်ပြုခြင်းခံထားရပါတယ်။ ဒန့်သလွန်အသီး နှင့် အရွက်ကိုဘာဖြစ်လို့ စားသုံးသင့်သလဲဆိုတာကိုအကြောင်းအရင်း(၇)ချက်နဲ့ တင်ပြရေးသား အပ်ပါတယ်။ ဒန့်သလွန်သီးနှင့်အရွက်တွေမှာသတ္တုဓာတ်နှင့် ဗီတာမင်မျာစွားပါဝင်နေပါတယ်။ ဒန့်သလွန်းသီး ဟင်း(၁) ခွက်စာကသင်လိုအပ်တဲ့ ဗီတာမင်စီကို ၁၀၀ ကျော်ရာခိုင်နှုန်းအထိပေးစွမ်းနိုင်ပါတယ်။

ဒန့်သလွန်သီးမှာကယ်လစီယမ်နှင့် သံဓာတ်ပါဝင်မှုကြောင့် အရိုးထိခိုက်မှု ကိုလျော့ပါးစေပြီးအရိုး များသန်မာ စေပါတယ်။ ဆယ်ကျော်သက်လူငယ်လေးတွေအတွက် တော့ကြံခိုင်မှုအားကောင်း ပြီးသက်လုံကောင်းစေမဲ့ဟင်း တစ်မျိုးပေါ့။ ဓာတ်တိုးအာနိသင်များပါဝင်မှုကြောင့် ကင်ဆာဆဲလ်ပြန့်ပွားမှုကိုဟန့်တား နိုင်စွမ်းရှိပါတယ်။ ခေါင်းကိုက်လွန်းတဲ့သူတွေအတွက် ဒန့်သလွန်အပင်မှအမြစ် ကိုဖျော်ရည်လုပ်ပြီးသကြားနှင့်သင့် တင့်ရုံမျှတစ်ငုံ စာနည်းနည်းစီ သောက်ပေးပါကသက်သာစေပါတယ်နော်။ မျက်စိနာဝေဒနာတွေ အတွက် လည်းအသုံးဝင်တဲ့ ဆေးတစ်ခွက်ပါနော်။ အရွက်ကိုညက်အောက်ကြိတ်ပါ၊ြ့ပိးနောက်ရလာတဲ့ အနှစ်ရည်ကို မျက်စိပေါ် သုတ်လိမ်းပေး ပါကမျက်ခွံအတွင်းသားရောင်းရမ်းနာ တွေကိုပျေက်ကင်းနိုင်ပါတယ်။ ပျားရည်နှင့်ပြု လုပ်ပြီးမျက်ခမ်း နှင့်မျက်ကြည် လွှာဝေဒနာသည်တွေအတွက် အသုံးပြုနိုင်ပါတယ်။

သွေးချို၊ဆီးချိုဝေဒနာသည်တွေအတွက်လည်းစားသုံးသင့်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။အထူးပြုလုပ်ရန် အသီးနှင့် အရွက်ကိုစားပေပါကသွေးကိုသန့်စင်စေပါတယ်။ ဟင်းချိုလုပ်ပြီးသောက်ပေးပါကဝက်ခြံနှင့် အရေပြားဝေဒနာတွေ ကိုစင်ကြယ်ချောမွေ့စေပါတယ်။ အနာရောဂါကိုလည်းပျေက်ကင်းနိုင်ပါတယ်။ဗီတာမင်ပါဝင်မှုကြောင့် အရွယ်တင်နု ပျိုစေပါတယ်။ ခံနိုင်ရည်အားကိုလည်းတိုးပွားစေပါတယ်။ ဒန့်သလွန်ပင်ဟာအသီးရောအရွက်ပါ ဆေးဖက်ဝင်တာမို့ လူတိုင်းစားပေးသင့်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။ကဲဒီလောက်ဆိုးမိတ်ဆွေတို့စားသုံးနေတဲ့ ဒန့်သလွန်သီးနှင့် အရွက်ဟာဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာသိရှိလောက်ပြီးမို့ ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေနော်။  

Soruce :thazin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။