မြောက်ကိုရီးယာခေါင်းဆောင် ကင်ဂျုံအွန်း နှင့် အမေရိကန်သမ္မတ ထရမ့်ဟာ လာမည့်ဇွန်လ(၁၂) ရက်နေ့မှာတွေ့ဆုံဖို့ရှိပါတယ်။ကမ္ဘာထိပ်သီးနိုင်ငံများဖြစ်ကြပြီးတစ်နိုင်ငံ နှင့်တစ်နိုင်ငံဟာ သိပ်အဆင်မပြေဖြစ်နေကြသည့် အချိန်တွင်တွေ့ဆုံပွဲပြုလုပ်တော့မယ် ဆိုတော့တစ်ကမ္ဘာလုံးကလည်း အာရုံစိုက်နေကြပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ တွေ့ဆုံမယ့်ပွဲအပေါ် အများကြီးမျှော်လင့်ထားပြီး ဒီတွေ့ဆုံပွဲ ဟာ ကိုရီးယား ကျွန်းဆွယ်ပြဿနာကိုဖြေလျှော့နိုင်မယ့်အပြင် ကောင်းမွန်တဲ့အနာဂတ်တခုကို တည်ဆောက်ဖို့ ကြီးမားတဲ့ ခြေလှမ်းတခုအဖြစ် ယူဆတယ်လို့ မြောက်ကိုရီးယားရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရ Heather Nauert ကတော့ လာမယ့်ထိပ်သီးအစည်းအဝေးကို ခြိမ်းခြောက်နိုင်တဲ့သတင်း ဘာမှမရသေးဘူးလို့ ပြောပါတယ်။နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ အမေရိကန်က တဖက်သတ် အတင်းအကျပ်ပြောဆိုနေရင် စင်္ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမယ့်ပွဲကို ပြန်စဉ်းစားမယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။

photo scoure:internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။