ပရိသတ်ကြီး အတွက် ဒီ တစ်ခေါက်ဖော်ပြပေးချင်တာကတော့ သေကံမရောက်သက်မပျောက်ခဲ့တဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ ပေါလ်တေလာ ဆိုသူဖြစ်ပြီး တောတွင်းလမ်းပြသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ပေါလ်ဟာ ဇင်ဘာဘွေနိုင်ငံ ဗစ်တိုရီးယားရေတံခွန် အနီးမှာရှိတဲ့ ဘမ်ဘီဇီမြစ်အတွင်း ရေမြင်းတစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

ဖြစ်ပုံကတော့ ပေါလ်ဦးဆောင်လာတဲ့ ခရီးသွားအဖွဲ့ထဲမှ လူတစ်ဦးဟာ ရေဲပြုတ်ကျသွားတာကြောင့် ကယ်ဆယ်နေတုန်းမှာ မြစ်ထဲမှာ ရှိနေတဲ့ ရေမြင်း တစ်ကောင်က တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ရေမြင်းဟာ ပေါလ်ကို တိုက်ခိုက်ခဲ့ပြီး သူ့ တစ်ကိုယ်လုံးကို မျိုချခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော်လည်း ပေါလ်ဟာ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပြီး သူ့ရဲ့ ဘယ်ဘက်လက် တစ်ဖက်တည်းကိုသာ ဆုံးရှုံးခဲ့ရပါတယ်။

“ ကျနော့ ကို ရေမြင်းက တိုက်ခိုက်လာပြီး မျိုချလိုက်တာပါ။ ကျနော်လည်း ကြောက်လန့်ပြီး သူ့ရဲ့ ဆုပ်ကိုင်ထားခဲ့ရပါတယ်။ ရေမြင်းမျိုချဖို့ ကြိုးစားခံရတုန်းက တော်တော်လေးကို ဆိုးဝါးတယ်ဗျ။ အထဲမှာ ဘဲဥပုပ်အနံ့လိုဘာလိုလိုနဲ့ ကျနော မျက်စိတွေ ရုတ်တရက် ကန်းသွားသလိုမျိုး ခံစားမိလိုက်ရတယ်ဗျ။ ရေမြင်းက ကျနော့ ရင်ဘတ်နဲ့ လက်ကိုကိုက်ခဲ့တာကြောင့် ဘယ်လက်တစ်ဖက်ဆုံးရှုံးသွားခဲ့ပေမယ့် ကံကောင်းတာက ကျနော်ခုထိ အသက်ရှင်နေသေးတာပါပဲလို့ “ ပြောကြားထားပါတယ်။

Source : Naykhayan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။