“ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာ ကိုယ့်အတွက်ကတော့ အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ နှစ် တစ်နှစ်ပါပဲ” ဆိုတဲ့

မထက်(Pop Soul)

မိတ်ကပ်ပညာရှင် ဖြစ်တဲ့ မထက်(Pop-Soul) ဟာ စန္ဒီမြင့်လွင််ရဲ့ Queen MTV မှာလည်း ပါဝင်သရုပ် ဆောင် ထားတာကို တွေ့ရပါတယ်။ ဆွဲဆောင်မှု ရှိတဲ့ ဓါတ်ပုံတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ အပြင် ကိုယ့် ရဲ့ ဘဝအမှန်ကိုလည်း သတိရှိရှိနဲ့ ထုတ်ဖော်နိုင်ခဲ့တဲ့ အောင်မြင်တဲ့ အလှဖန်တီးရှင်၊ အနုပညာရှင် တစ်ဦး ဖြစ်တဲ့ ထက် (Pop-Soul)နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို အခုလို ပြန်လည် ဖော်ပြလိုက်ရ ပါတယ်။

မေး။ စန္ဒီမြင့်လွင်ရဲ့ Queen တေး စီးရီးမှာပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ ပုံကို ပြောပေးပါဦး။

ဖြေ။ ဒီးဒီက မထက် နဲ့သီချင်းတစ်ပုဒ် ရိုက်စရာရှိတယ်။ အဲဒီကာရိုက်တာ က မထက် လိုအရပ်အမောင်း ထွားထွား ကြိုင်းကြိုင်းနဲ့လိုက်တယ်။ ရိုက်ကြည့် ပါလားဆိုတော့ ဒါရိုက် တာကလည်းကို မောင်မောင် သာမြင့်ဖြစ်တယ်။ နောက်ပြီး သီချင်းကလည်း ဒီးဒီရဲ့ အောင်မြင်ပြီး သားသီချင်းဖြစ်တဲ့အ တွက် ပါဝင်သရုပ်ဆောင်ရတာ အရမ်းဂုဏ်ယူတယ်။ အဲဒါနဲ့ ပါဝင်ဖြစ်သွားတာပါ။ သီချင်းက စနိုက်ကြော် သီချင်းပါ။

မေး။ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရ တုန်းကဘယ်လိုခံစားရလဲ။

ဖြေ။ သူကပွဲတစ်ပွဲမှာတွေ့ရင်းနဲ့ပြော တာပါ။ ပျော်လည်းပျော်တယ်။ ရင် လည်းခုန်တယ်။ ကြောက်လည်း ကြောက်တယ်။ ဘာဖြစ်လို့လဲဆို တော့ကိုယ်မနိုင်ဘဲနဲ့ လုပ်မိသလို ဖြစ်မှာစိုးတယ်။ ဒီးဒီရေ အစ် မမလုပ်ဖူးဘူး။ ကြောက်လည်း ကြောက် တယ်ဆိုတော့ဒီးဒီက မကြောက်နဲ့ အစ်မရေ ဒါက ဇာတ်လမ်းလို သရုပ် ဆောင်ရတာ မဟုတ်ဘူး။ တစ်ကဒ် ချင်းစီမှာ အလှုပ် ပုံစံပဲသရုပ်ဆောင် ရတာ။ ကိုမောင်မောင်သာမြင့်က လည်း လုပ်ကြည့်ပါဆိုရိုက် တော့လည်း အဆင်ပြေပါတယ်။

မေး။ မိတ်ကပ်အပြင်တခြားဝါသနာပါ တဲ့ အနုပညာရှိလား။

ဖြေ။ အနုပညာနဲ့ပတ်သက်ရင် အား လုံးဝါသနာပါပါတယ်။ သီချင်းသာမ ဆိုနိုင်တာ၊သီချင်းဆိုရတာကိုကြိုက် တယ်။ သရုပ်ဆောင်ရတာ လည်း ကြိုက်တယ်။ မလုပ်ဖြစ်တာ ဘဲရှိ တယ်။ တကယ်တမ်းကျတော့ အနု ပညာအကုန်လုံးကို သဘောကျ တယ်။ ပန်းချီဆွဲရ တာလည်းကြိုက် တယ်။ ကိုယ် ကြိုက်တဲ့အကြောင်း အရာတွေနဲ့ တိုက်ဆိုင်တယ်ဆိုရင် နောက်ထပ် သရုပ်ဆောင်ဖြစ်မှာပါ။

မေး ။ အလှဖန်တီးရှင်တစ်ယောက်ဆို တော့ကိုယ့်ရဲ့အလှအပနဲ့ပတ်သက်ပြီး ဘယ်လိုဂရုစိုက်လေ့ရှိလဲ။

ဖြေ ။ မထက်ကအလှအပကို ရူးရူးမူးမူး ဂရုစိုက်ပါတယ်။ Body Weight ထိန်းတာကအစပါ။ အကုန်လုံးကို တတ်နိုင်သမျှကြိုးစားပြီး ဂရု စိုက်ပါတယ်။ အသက်အရွယ်ရ လာတော့ပိုပြီးတော့တောင် ဂရုစိုက်ရ ပါသေးတယ်။

မေး။ ခွဲစိတ်ထားလို့ Effect တွေခံ စားနေရတာမျိုးရှိတတ်တယ် လို့ ပြောကြတဲ့အပေါ်အမြင်ကိုပြောပေး ပါဦး။

ဖြေ ။ မြန်မာပြည်အနေနဲ့က အဲဒါနဲ့ ပတ်သက်လို့ဗဟုသုတနည်းကြ တယ်ထင်ပါတယ်။ မထက်ဆိုရင် အခုထိဘာရောဂါမှ မရှိဘူး။ နှာစေး၊ ချောင်းဆိုးတောင်မဖြစ်ဘူး။ လူအများစုက ဒီလိုမျိုးခွဲစိတ်တာတွေလုပ်လို့ရှိရင် အသက်တိုတယ် လို့ထင်တယ်။ အသက်တိုတယ်ဆို တဲ့အကြောင်းအရာမှာ ဆရာဝန်နဲ့ ဘာဆွေးနွေးလဲဆိုတော့ မထက်တို့ ကကျားဟော်မုန်းရော မဟော်မုန်း ရောမရှိတော့တဲ့အချိန်မှာ ဟော်မုန်း ဆေးတွေကိုပုံမှန်သုံးစွဲရပါတယ်။ ထိုးဆေးတွေရှိတယ်။ စားဆေးတွေ ရှိတယ်။ အဲဒီဆေးတွေသုံးစွဲတဲ့ Effect တွေကြောင့် သည်းခြေ ပျက်တာ၊ ကျောက်ကပ်ပျက် တာတွေဖြစ်တာပါ။ ဒီခွဲ စိတ်မှု ကြောင့်အသက်တိုသွားတာ မျိုး မဟုတ်ပါဘူး။ မထက်က ကျန်း မာရေးကောင်းအောင် အကောင်း ဆုံးကြိုးစားနေထိုင်နေပါတယ်။ ပုံ မှန်အားဖြင့် Medical Check Up အများဆုံးလုပ်ဖြစ်နေတဲ့အ ခါကျတော့ နှာစေး၊ ချောင်းဆိုးတာ တောင်မရှိပါဘူး။

မေး။ Facebook မှာ ဆိုင်က ဝန်ထမ်းတွေနဲ့မွေးနေ့ ဖြတ်သန်း တာတွေ့ရတယ်။ မထက်ရဲ့မွေးနေ့ ကိုဘယ်လိုပုံစံဖြတ်သန်းလေ့ရှိလဲ။

ဖြေ။ မထက်ကပုံမှန်အားဖြင့် မွေးနေ့ ကိုထူးထူးခြားခြားလုပ်လေ့မရှိပါဘူး။ ကုသိုလ်ပြုချင်တဲ့အတွက်ကြောင့် မနက်ပိုင်းမှာဆွမ်းကပ်ဖြစ်တယ်။ ပြီး တော့ အခန်းထဲဝင်ပြီး အိပ်နေ တာကို ဆိုင်ကကလေးတွေက ဧည့် သည်လာတယ်ဆိုပြီးခေါ်ခိုင်း တယ်။ အောက်ဆင်းလာတော့ သူတို့က Suprise အနေနဲ့ဆိုင် ထဲမှာ Decoration တွေလုပ်ပြီး ပြင်ဆင် ထားတယ်။ မထင်မှတ် ထား တော့အရမ်းလည်း ပျော်ခဲ့တယ်။ မထက်ရဲ့ဆိုင်ဝန်ထမ်း တွေအားလုံးနဲ့ အတူ မိသားစု မွေး နေ့ပွဲ ကျင်းပဖြစ် ခဲ့တဲ့အ တွက်ကျေးဇူးတင်တယ်။ ဆိုင်ဝန် ထမ်းတွေကိုလည်း ကျေးဇူးတင် တယ်။

မေး။ အဲဒီလိုရင်းနှီးချစ်ခင်မှုတွေကို တွေ့ရတော့ဝမ်းသာမိပါတယ်။ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးက ရောဘယ်လိုမျိုးလဲ။

ဖြေ။ မထက်က သူတို့ကိုတ ကယ့် မိသားစုဝင်တွေ၊ မောင်နှမတွေလို ဆက်ဆံပါတယ်။ ဆိုင်ဝန်ထမ်း တွေကိုတွေ့ရင်မေးကြည့်လို့ရ တယ်။ ဆရာတပည့်အနေနဲ့သူတို့ ကလည်း လေးစားမှုရှိတယ်။ အ လုပ်ရှင်တစ်ယောက်အနေနဲ့လည်း လေးစားမှုရှိတယ်။ ကိုယ့်ကိုလည်း ချစ်ကြတယ်။ အဲဒါမျိုးကိုပဲ မထက် ကြိုက်ပါတယ်။ သူတို့နဲ့မိသားစုလို၊ မောင်နှမလို၊ သူငယ်ချင်းလိုပေါင်း သင်းလေ့ရှိပါတယ်။

မေး။ တချို့ဆိုရင် ဒီအသက် အရွယ် မှာငါ့ရဲ့ရည်မှန်း ချက်ဖြစ်ရမယ်ဆိုတဲ့ Target ရှိကြတယ်။ မထက်အနေ နဲ့ရော အဲဒီလိုမျိုးရှိလား။

ဖြေ။ ရှိပါတယ်။ မထက်ကပုံမှန် အားဖြင့် အမြဲတမ်း Target တစ်ခုထားပြီး သွားလေ့ရှိတဲ့ လူမျိုးပါ။ အခုမထက် ရဲ့အသက်က ၃၄နှစ်ဆိုတော့ ၃၅နှစ်ထဲမှာ ဆိုရင်ဒီထက်ပိုပြီးအကောင်းဆုံးဖြစ် ဖို့နဲ့ အသက် ၄ဝမတိုင်ခင်မှာ မထက်လုပ်ချင်တာတွေ အားလုံး ပြည့်စုံအောင်လုပ်နိုင်ဖို့ကြိုးစားနေပါ တယ်။

မေး။ ၂၀၁၆ခုနှစ်က မထက် အတွက်ဘယ် လိုနှစ်မျိုးဖြစ်ခဲ့လဲ။

ဖြေ။ အကောင်းဆုံးနှစ်ပါပဲ။ မထက် လုပ်ချင်တဲ့အရာတော်တော်များ များပြီးသွားတယ်လို့ ခံစားရတဲ့နှစ် ပါပဲ။ နောက်ဆုံးခွဲစိတ်မှုပြီးသွား တယ်။ အဲဒါကမထက် Crazy ဖြစ်ခဲ့တဲ့အလုပ်တစ်ခုပါ။ အဲဒီလိုလုပ် ခွင့်ရတဲ့အတွက် မထက်ရဲ့ဘဝတစ် ဝက်ကျော်ကျော်မှာ ကိုယ်လုပ်ချင် တာတွေလုပ်ခွင့်ရတဲ့နှစ်မို့လို့ တကယ်ကိုကျေနပ်မိပါတယ်။

မေး။ ပရိသတ်အတွက် နှစ်သစ်စ ကားလက်ဆောင်ပါးပေးပါဦး။

ဖြေ။ ၂၀၁ရနှစ်သစ်မှာ အားလုံးစိတ် ချမ်းသာကိုယ်ကျန်းမာနဲ့ပျော်ရွှင်မှုတွေ အားလုံးကိုဖန်တီးပြီးတော့ ကိုယ် လိုချင်တဲ့ဘဝတွေကိုပိုင်ဆိုင်ပါစေ လို့ဆုတောင်းပေးပါတယ်။

Source: Sunday Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။