ကြက်သွန်နီရဲ့ ကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိတွေဟာအလွန်များလှပါတယ်။ သူ့မှာ အစွမ်းထက်တဲ့ ပိုးသတ်တဲ့ဂုဏ်သတ္တိ (anti-bacterial) နဲ့ အစွမ်းထက်တဲ့ ပိုးသန့် ရှင်း စေတဲ့သတ္တိ (anti-septic) တွေရှိ တဲ့အတွက် ကြက်သွန်နီကို အသီးအနှံတို့ရဲ့ ဘုရင် လို့ခေါ်ပါတယ်။ ကြက်သွန်နီမှာ ဗီတာမင် အေ၊ဘီ၊စီ၊ folic acid ၊ calcium, phosphorus ၊ magnesium ၊ chromium ၊ iron နှင့် fiber တွေများစွာပါဝင်ပါတယ် ။ ခရစ်မပေါ်မှီ နှစ် လေးထောင်ကထဲက ကြက်သွန်နီကိုရောဂါအမျိုးမျိုးကုသရာမှာအသုံးပြုခဲ့တဲ့ မှတ်တမ်းတွေရှိတယ်လို့လဲသိရပါတယ် ။


၁။ ကြက်သွန်နီမှာပါဝင်တဲ့ သံဓါတ်နဲ့ folic acidတို့ကြောင့် သွေးအားနည်းခြင်းရောဂါကို သက်သာစေပါတယ်။

၂။ တစ်နေ့လျှင် အရွယ်တော်ကြက်သွန်နီ တစ်ခြမ်း စားပေး ခြင်းဖြင့် အဆီကျစေပြီး အဆီ ပိတ်နှလုံးရောဂါကိုကာကွယ်နိုင်ပါတယ်။

၃။ ကြက်သွန်နီအစိမ်း(ဝါ) အကျက်စားခြင်းဖြင့်သွေးတိုး ကျစေပါတယ်။ သွေးကြဲစေပါတယ်၊ သွေးကြောထဲမှ သွေးခဲမှုများကိုလည်း အရည်ပျော် စေပါတယ်။

၄။ ဟင်းများတွင် ကြက်သွန်နီများစွာထည့်ချက်ခြင်းဖြင့် ဝမ်းချုပ်ခြင်းနှင့် လေလည်ခြင်း ကို သက်သာစေပါတယ်


၅။ ကြက်သွန်နီတွင်ပါဝင်သော chromium က အင်ဆူလင် ဓါတ် ထုတ်လုပ်မှု ကောင်းစေ ခြင်းဖြင့် ဆီချိုရောဂါ ကိုသက်သာစေပါတယ်။

၆။ ကြက်သွန်နီရည်ဆွပ်ထားသော ဝါဂွမ်းကိုနားတွင်ထည့်ခြင်းဖြင့် နားအူခြင်း၊ နားတွင်းအသံ မြည်နေခြင်းတို့ ကိုသက်သာစေပါတယ်။

၇။ ကြက်သွန်နီအရည်(ဝါ) ကြက်သွန်နီဖြင့်ဦးရည်ကို တစ်ပတ်နှစ်ကြိမ်ပွတ်ပေးပါက နှစ်လ တွင် ဆံပင်ပေါက်စေတယ်လို့ဆိုပါတယ်။

၈။ ကြက်သွန်နီသည် ခုခံအားကိုလည်းကောင်းမွ န်စေပါတယ်။ ကြက်သွန်နီရည်နှင့် ပျားရည် ဆတူရောပြီးတစ်နေ့လျှင် လ္ဘက်ရည်ဇွန်းဖြင့် ၃-၄ကြိမ်သောက် ပါက ချွဲများအရည် ပျော် စေပြီး အအေးမိချောင်းဆိုးခြင်း ကိုပျောက်ကင်းစေပါတယ်။

၉။ ကြက်သွန်နီကိုရေဖြင့် ရေထက်ဝက်ခမ်းသည်အထိပြုပ်ပြီးနောက် ၎င်းပြုပ် ရည်သော က် ပေးပါက ဆီပူခြင်းကိုပျောက်ကင်းစေပါတယ်။

Source : Private Diary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။