လက်ရှိဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်စစ်ပွဲ ပြဿနာတွေက ယနေအထိ ပရိသတ်တွေကြားရေပန်းစားနေမယ်ထင်ပါတယ်။ ပစ်ခက်မှုတွေကြားထဲက ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူများစွာရှိနေပြီး အမြို့မြို့အနယ်နယ်မှာလည်း အဆိုပါစစ်ပွဲနှင့်ပတ်သက်ပြီး ဆန္ဒပြမှုတွေများစွာပြုလုပ်နေတာတွေ့ရပါတယ်။  

မနေ့က မေလ ၁၅ ရက်နေ့ ည၁၁နာရီအချိန်တွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတံတားနှစ်စင်း မိုင်းခွဲခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်က ကချင်ပြည်နယ် နမ္မတီးနှင့်မရမ်းကြား မီးရထားလမ်းပေါ်ရှိ ပေ၆၀တံတားပေါ်ဖြတ်သန်းနေသော APT မိုင်းရှင်းရထားမိုင်းထိခဲ့ပြီး စက်ခေါင်း၄၅ ဒီဂရီ တိမ်းစောင်း၍နောက်တွဲ၃တွဲချော်ကျခဲ့ကြောင်း သိရပါတယ်။  

ထို့အပြင် မိုးကောင်းနှင့်ထိုပူးကြားတံတားမီးရထားလမ်းပေါ်ရှိ အမှတ်၆၆၂၊ ၁၀ ပေ တံတားတစ်စင်းလည်း မိုင်းခွဲခံခဲ့ရပြီး လမ်းပိုင်းပျက်စီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မိုင်းခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရပါတယ်။ ချစ်ပရိသတ်ကြီးအတွက် မနေ့ဖြစ်ပွားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပိုင်းမိုင်းခွဲခံခဲ့ရတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Source - ယဉ်ယဉ်သိန်းနဘား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။