ဝက်ဖို့ဒ်အသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ လက်ရှိအချိန်ထိ ပြစ်ဒဏ်ဘော (၂၇၃)ကြိမ်ထိ ကျူးလွန်ထားပြီး အညစ်ပတ်ဆုံး လူအချဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။သူ့နောက်မှာတော့ မန်ယူအသင်းက (၂၆၀)ကြိမ်နဲ့ ဒုတိယ လိုုက်နေပါတယ်။ လက်စတာ၊တော့တင်ဟမ်နဲ့ ဘိုရိုအသင်းတွေကလည်း အစဉ်လိုက်ရပ်တည်နေပါတယ်။

လူချကစားတာ အနည်းဆုံးသုံးသင်း အသင်းစာရင်းမှာ ချယ်ဆီးလည်း ပါဝင်နေပါတယ်။ ခံစစ် အားပြုကစားပေမယ့် ညစ်ပတ်တဲ့အသင်း မဟုတ်ဘူးဆိုတာ ချယ်ဆီးက သက်သေပြလိုက်ပါတယ်။ ဘောလုံးကိုသာ အဓိက သန့်သန့်ရှင်းရှင်းကစားတဲ့ အာဆင်နယ်နဲ့ စတုတ်စီးတီးကလည်း အသန့်ရှင်းဆုံး သုံးသင်းစာရင်းဝင် ဖြစ်နေပါတယ်။

#နေ့သစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။