ဂျာမနီအသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဂေါ့ဇီဟာ ယခုနှစ် ရု၇ှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျာမနီအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။ ဂေါ့ဇီဟာ ယခုနှစ်မှာ ခြေစွမ်းကျဆင်းလျက်၇ှိနေပြီး အတော်လေးကို ရုန်းကန်နေရတာကြောင့် ဂျာမနီ လူ စာရင်း ကနေ ချန်လှပ်ခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ 

ဂျာမနီနည်းပြကတော့ “ ကျနော့တို့ ဒီရာသီမှာ ဂေါ့ဇီကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဒိနှစ်မှာတော့ ဂေါ့ဇီရဲ့ ခြေစွမ်းဟာ မနှစ်ကနဲ့ မတူပဲ တော်တော်လေးကို ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် MARIO ဟာတစ်ကယ့်ကို ထူးခြားပြီး တော်တဲ့ ကစားသမားပါ။ နောက်လာမယ့် ရာသီတွေမှာ အရင်လို ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်လို့” ပြောကြားခဲ့ပါတယ်။

ဂျာမနီကွင်းလယ်လူ ဂေါ့ဇီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာမနီအသင်းကို ချန်ပီယံဖြစ်စေခဲ့တဲ့ အဖိုးတန် အနိုင်ဂိုး တစ်ဂိုးကို သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဂေါ့ဇီ မပါဝင်တဲ့ ဂျာမနီအသင်းဟာဆို၇င် လာမယ့် ဇွန်လ ၁၇ရက်နေ့မှာ မက္ကစီကို အသင်းနဲ့ အုပ်စုပွဲ စသ်မှာ စတင် ယှဉ်ပြိုင် ကစား၇မှာပြ ဖြစ်ပါတယ်။ 

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။