ဒီကနေ့ မေလ ၁၆ ရက်နေ့ နေ့လည်၃ နာရီလောက်က ရန်ကုန်မြို့တွင်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ အဆိုပါမီးလောင်မှုကတော့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံလမ်းရှိ ဆမ်ဆောင်း ဆားဗစ်စင်တာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ 

၎င်း မီးလောင်မှုကတော့ ဒီကနေ့ နေ့လည် ၁နာရီ ၁၀မိနစ်က လျပ်စစ်အပူလွန်ကဲရာမှတစ်ဆင့်မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာမီးသတ်ဌာနများမှ လာရောက်ငြိမ်းသတ်မှုများပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ၎င်းနောက် အဆိုပါမီးလောင်မှုကို Level 1 အဆင့်ဖြင့် ထိန်းထားနိုင်ပြီး နေ့လည် ၂ နာရီ ၁၃မိနစ်အချိန်တွင် အောင်မြင်စွာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ 

လက်ရှိမီးလောင်မှုနှင့်ပတ်သက်ပြီး ရှာဖွေမှုများပြုလုပ်နေကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူမတွေ့ရှိသေးကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြထားပါတယ်။

Photos - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။