စစ်ကိုင်းတ်ိုင်းဒေသကြီးကသာခရိုင် ဗန်မောက်မြို့နယ်ရှိ ဇလုံတောင်တော်ကို ဇန္နဝါရီလ၃ရက်နေ့ (၃- ၁ -၂၀၁၇) ညနေ ၄း၃ဝက တစ်တောင်လုံးရွှေအတိပြီးသည့် ရွှေတောင်ကြီးသဖွယ်ဖြစ်ပွားနေသည်ကို ကချင်ပြည်နယ်မိုးညှင်းမြို့နယ်မှ ဦးမျိုးအေးဦးဆောင်သည့် ၂၁ဦးပါ ဘုရားဖူးအဖွဲ့သည် အံသြဖွယ် ဖူးတွေ့ခဲ့ရသည်ဟုသိရှိရပါသည်။

ဇလုံတောင်တော်၏အောက်ခြေတွင် ရေစီးနေသောချောင်းငယ်တစ်ခုနှင့် အဆိုပါရေစီးနေသောချောင်းလေးအတွင်း ရောင်စုံကျောက်သံပတ္တမြားနှင့် ရွှေမှုန်ရွှေဖတ်များစီးမျောလွင့်ပါးနေကြောင်းအဆိုပါချောင်းငယ်ရေသည် ကချင်ပြည်နယ်အတွင်းရှိ အင်းတော်ကြီးအင်းအထိ ထိစပ်မှုရှိကြောင် ဒဏ္ဏာရိဆန်သော ရှေးစကားများရှိခဲ့ဖူးသည်ဟု ရဟန်းတစ်ပါးမှမိန့်ကြားဖူးပါသည်။ ထို့အတူတစ်ပေါင်းလ လပြည့်လကွယ်တွင် အလွန်ကြီးမားသော မြောက်ဖြူကြီးတစ်ကောင်လည်းဘုရားဖူးလာလေ့ရှိကြောင်း အဆိုပါမြောက်ဖြ

ကြီးဘုရားလာဖူးမည်ဆိုလျှင် လပြည့်ညပင်ဖြစ်လင် ကစားမိုးရွာချခြင်း ဘုရားမှရောင်ခြည်တော်လွတ်ခြင်းဖြင် နိမိတ်ပြတတ်ကြောင်း ဒေသခံတို့မှ ပြောပြပါသည်။ ရှေးယခင်လမ်းမဖွံ့ဖြိုးမီအချိန်ကပင် ရှမ်းလူမျိုးနှင့်ကဒူးလူမျိုးများမှာအုပ်စုဖွဲ့ကာ စားအိုးစားခွက်အစုံအလင်ဖြင့် ခြေလျှင်ချီတတ်ပြီး ဇလုံတောင်တွင် တရားအားထုတ်ခြင်း ဘုရားဖူးခြင်းရှိခဲ့သည်။ ဒေသခံတို့အထွဋ်အမြတ်ထားပူဇော်ရာဆုတောင်းပြည့်ဘုရားဖြစ်သည်။

ဤတောင်သို့ရောက်ဖူးသူတိုင်း သာယာရှုမော စရာကောင်းသောဒေသကိုခံစားကာအေးချမ်းဆိတ်ငြိမ်မှုဖြင့်သဘာဝတရား၏ ဆွဲဆောင်မှုကြောင့် အများအားဖြင့် လောကီကိုငြီးငွေ့ပြီး တရာရှာမှီးလိုစိတ်ပြင်းထန်စွာဖြစ်မိစေသည့် ဓာတ်သဘောကိုလဲခံစားရသည်ဟု ပြောဆိုကြပါသည်။

ယဉ်ယဉ်သိန်းနဘား

၈ ၁ ၂၀၁၇

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။