အိမ်ထောင်ရေးဆိုတာ ချစ်သူရည်းစားတွေရဲ့နောက်ဆုံးပန်းတိုင်ဘဲဖြစ်ပါတယ် ။ အိမ်ထောင် တစ်ခုသာယာဖို့ဆိုတာကတော့ အိမ်ထောင်ရှင်တိုင်းရဲ့ မျှော်မှန်းချက်ပင်ဖြစ်ပါတယ် ။ အိမ်ထောင်ရေးသာယာ ပျော်ရွှင်ဖို့ဆိုတာ နှစ်ဦးနှစ်ဖက်လုံး အပေးယူမျှမျှနဲ့ တစ် ယောက်အားနည်းချက်တစ်ယောက် လက်ခံနားလည်ပေးနိုင်ဖို့အဓိကလိုအပ်ပါတယ် ။ အဲ့ဒါ ကြောင့် အိမ်ထောင်ရေးသာယာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

၁။ အကောင်းမြင်စိတ်မွေးပါ ။

တစ်ယောက်နဲ့ တစ်ယောက်ကြည်ဖြူစွာချစ်နေဖို့ တစ်ဦးပေါ်တစ်ဦး အကောင်း မြင်ဆန္ ဒတွေ နဲ့သာ ဆက်ဆံပြောဆိုရပါမယ်။ တစ်ယောက်မကောင်းတာကို တစ်ယောက်က အပြစ် ပြော ဖို့ထက် ကောင်းအောင် အကြံပေး ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ..တစ်ဖက်ကလည်း သူကငါ့အားနည်းချက်တွေကိုတောင် အမြဲတမ်းအကောင်းမြင်ပေးပါလားဆိုတဲ့ စိတ်နဲ့ သူ့ အ မှားတွေကို စိတ်လိုလက်ရ ပြင်ဆင်ချင်စိတ်တွေဖြစ်လာမှာပါ ။

၂။ ချစ်တယ်လို့ပြောဖို့မမေ့လိုက်ပါနဲ့ ။

ချစ်သူဘဝမှာ တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့ အကြိမ်ပေါင်းများစွာ ပြောဖူး ကြ မှာပါ ။ တကယ်တော့ အိမ်ထောင် သည် ဘဝမှာလဲ တစ်ယောက်ကို တစ်ယောက် ချစ် တယ်ဆိုတဲ့စကားကို မကြာခဏပြောပေးဖို့လိုအပ်ပါတယ် ။ ရုပ်ရှင်ကြည့် တဲ့အချိန်မှာ သူ ကိုနမ်းရှိုက်ပေးပါ သူလက်ကလေးတွေကို ယုယစွာဆုပ်ကိုင်ထားပါ.ပါးစပ်ကလည်း "ချစ်တယ်" ဆိုတဲ့စကားကို တစ်ကြိမ်ထက်မနည်းပြောပေးပါ။ ဒါဆို လက်ထက်ပြီး အချိန်တွေ ကြာတာတောင် သင်သူ့အပေါ်ထားတဲ့အချစ်တွေ လတ်ဆတ်နေတုန်းဘဲဆိုတဲ့အသိက တစ်ဖက်ကို နွေးထွေးစေမှာပါ ။

၃။ နားလည်မှုထားပေးပါ ။

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ။ သင်တို့ဟာ နေရာဒေသမတူ မိသားစုမတူ အကျင့်စရိုက်မတူတဲ့ သူစိမ်းနှစ်ယောက်ရဲ့ဘဝကို ပေါင်းစပ်ထား ကြတာပါ ။ သင်မကြို က်တဲ့ အရာကို သူအရမ်းကြိုက်တာမျိုးလည်းဖြစ်နေနိုင်ပါတယ် ။ သင် မှားနေတဲအခါ (Sorry) ဆိုတဲ့ စကား လေးပြောဖို့ မမေ့ပါနဲ့။ သင်မှန်နေတဲ့အခါမှာလည်း တစ်ဖက်ကို နားလည် အောင်ရှင်းပြဖို့မမေ့ပါနဲ့နော် ။

၄။ လူကြားထဲအော်ငေါက်ခြင်းမပြုပါနဲ့ ။

လူတွေအများကြားမှာသင့် ဇနီး (သို့မဟုတ် ) သင့်အမျိုးသားက စကားပြော တာမှား နေ သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကြားကဝင်ရောက်ပြီး ဟန့်တား ပြောဆိုတာမျိုး (သို့) အမှား ပြင်ပေးတာမျိုးမလုပ်ပါနဲ့.လူတွေနဲ့ကင်းရာကိုခေါ်သွားပြီးမှားနေတာကိုပြောဆိုရှင်းပြပေးပါ။ ဒါဆို သင်လဲသူ့အပေါ်လေးစားရာရောက်ပြီး လူအများအထင် မြင်သေးတာလဲ မခံရတော့ဘူး ပေါ့နော် ။

၅။ ဒေါသနဲ့ အော်ဟစ်ပြောဆိုခြင်းကိုရှောင်ပါ ။

သင်ဟာ ငြင်းခုံတဲ့စကားတွေ ပြောဆိုတာမျိုးဖြစ်လာတဲ့အခါမှာလည်း မိးလောင် နေတဲ့အိမ် ကိုမြင်လို့ ကြောက်လန့်စွာ အော်ဟစ်နေတဲ့အသံမျိုးနဲ့ မပြောဆိုပါနဲ့ .တီးတိုးအေးဆေး ညင် သာ စွာပြောဆိုပါ။ စကားကို ညင်သာအေးဆေးစွာပြောဆိုခြင်းက ဒေါသနဲ့ အော်ဟစ်ပြော ဆို ခြင်းထက် ပိုအ သုံးဝင်ပြီး တစ်ဖက်သားကို ပိုပြီးနားဝင်စေပါတယ် ။ တစ်ဖက်သား ရဲ့အမြင်မှာ လည်း သူ့အပေါ်သင်က စိတ်ရှည်သည်းခံတယ်လို့ မြင်လာစေ ပါတယ် ။

၆။ လမ်းခွဲစကားမပြောပါနဲ့ ။.

သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ချစ်လို့ သက်ဆုံးတိုင်အတူတူနေဖို့ လက်ထက်ခဲ့ကြတာပါ ။ စကားများရန်ဖြစ်တိုင်း ၊ စိတ်ပျက်စရာတွေကြုံလာတဲ့အခါတိုင်း လမ်း ခွဲ စကားမပြောမိပါစေနဲ့။ လမ်းခွဲစကားပြောတာထက် လက်ရှိအခြေနေပြေလည်ဖို့ အကောင်း ဆုံးဘယ်လိုညှိယူကြမလဲ ဆိုတဲ့အဖြေကို ရှာဖွေသင့်ပါတယ် ။ တနေ့မှာ တစ်ယော က် နဲ့တစ်ယောက်အဆင်မပြေတာ ကြုံလာတဲ့ အခါမှာ မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက် အသက်မကချစ်ခဲ့ကြတယ်ဆိုတာကိုသတိရပါ ။

၇။ တစ်ဦးပေါ်တစ်ဦး သစ္စာရှိပါ။

အိမ်ထောင်တစ်ခုမှ အဓိကအရေးကြီးဆုံးကတော့ သစ္စာတရားဘဲဖြစ်ပါတယ် ။ နှစ်ဦး သ ဘောတူ မိသားစုဘဝလေးတစ်ခု တည်ဆောက်ဖို့ ယုံယုံကြည်ကြည် လက်တွဲခဲ့ ကြတာဘဲ မ ဟုတ်လား ။ အိမ်ထောင်ဦးစီး၏ သစ္စာတရားဟာ အိမ်ထောင်ရှင်မရဲ့ ယုံကြည်ကိုးစား ဖွယ် ရာ ဘဲဖြစ် ပါတယ် ။ ကိုယ်က တခြားသူတစ်ယောက်ယောက်နဲ့ မရှုတ်မရှင်း လုပ် တော့ မယ်ဆို ကိုယ့်မှာ ကိုယ့်ကိုမှီတွယ်နေတဲ့ မိသားစုတစ်ခု ရှိကြောင်း သတိရပါ ဘယ် သူ မြူစွယ်မှု ကိုမှ မငြိတွယ်ပါနဲ့။ သစ္စာ ပျက်ခြင်းဟာကိုယ့်တစ်ယောက်တည်း စိတ်ချမ်း သာဖို့ အတွက်ဖြစ်ပြီး ကိုယ်အပါအဝင် ကိုယ့်ကိုယ်ချစ်သောသူကိုပါ တစ်ဘဝစာစိ တ်ဆင်းရဲစေ တယ်ဆိုတာတော့ သိထားပါ ။

Own Creater : Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။