ကမ္ဘာကျော် ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ NOKIA ဟာဆိုရင် အသစ်ထပ်မံ ထွက်ရှိလာမယ့် NOKIA X 6 ကိုစတင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာဆိုရင် RAM 4GB + 64GB ဗားရှင်းကို ဒေါ်လာ 237 နဲ့ ရောင်းချပေးသွားမှာ ပဲ ဖြစ်ပါတယ်။ တရားဝင်ရောင်းချပေးမှာကတော့ မေလ ၂၁ရက်နေ့မှာ ဖြစ်ပြီး အနက်ရောင် တစ်မျိုးတည်းကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။  

NOKIA X6မှာတော့ CPU ပိုင်းမှာ SNAPDRAGON 636 နဲ့ မောင်းနှင်ပေးထားနိုင်ပြီး မျက်နှာပြင်ကတော့ ၅.၈လက်မ ရှိပါတယ်။ ဖုန်းရဲ့ နောက်ဘက်ပိုင်းမှာ ကင်မရာ နှစ်လုံးပါဝင်လာမှာ ဖြစ်ပြီး ရှေ့ဘက် SELFIE ကင်မရာကတော့ 16 MP ၇ှိတယ်လို့ သိရပါတယ်။ ဘက်ထရီပိုင်းမှာတော့ 3000 ပမာဏရှိတဲ့ ဘက်ထရီကို ထည့်သွင်းပေးထားတာလည်း ဖြစ်ပါတယ်။ 

NOKIA ဟာဆိုရင် ယခုလတ်တလောမှာတော့ စမတ်ဖုန်း ဈေးကွက်ထဲမှာ နေရာ တစ်နေရာရလာဖို့ အတွက် ပြန်လည် ဝင်ရောက်လာတဲ့ BRAND တစ်ခုလည်း ဖြစ်ပါတယ်။ အခုထွက်ရှိတော့မယ့် စတ်ဖုန်းအသစ်ဟာလည်း စမတ်ဖုန်းလောကမှာ နေရာဘယ်လောက်အထိ ယူနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။  

Source : Net Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။