ပရိသတ်တွေ အားကျနေရတဲ့ အဆိုတော်အာဘွိုင်းနဲ့ မော်လ်ဒယ်သရုပ်ဆောင် မြတ်ရတနာတို့ ဇနီးမောင်နှံလေးကတော့ မကြာခင်မှာ သူတို့ဘဝထဲ ဝင်ရောက်လာတော့မယ့် ဘေဘီလေးအတွက် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာစသိတဲ့ အချိန်ကတည်းက အာဘွိုင်းတစ်ယောက် အတိုင်းမသိဝမ်းသာပျော်ရွှင်ခဲ့ပြီး မကြာခဏလူမှုကွန်ယက်မှာလည်း ပရိသတ်တွေကို ကြွားလုံးထုတ်နေတာပဲ ဖြစ်ပါတယ်။  

မကြာခင်မှာရာထူးထပ်တိုးတော့မယ့် အာဘွိုင်းကတော့ သူကိုယ်သူလည်း ဘုရားစူးသမီးများရှင် ဖေဖေ စစ်စစ် ပါလို့ သူရဲ့လူမှုကွန်ယက်ကနေ ထပ်မံကြွားလုံးထုတ်လိုက်ပြန်ပါတယ်။ အာဘွိုင်းကတော့ ချစ်စရာ ကောင်းတဲ့ သမီးလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီး လက်ရှိဇနီးဖြစ်သူမြတ်ရတနာကျော်လွယ်ထားရတဲ့ကိုယ်ဝန်လေးဟာ သမီးမိန်းကလေးပဲ ဖြစ်တာကြောင့် သူကတော့ ဘုရားစူးသမီးများရှင် ဖေဖေပါလို့ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အရင်ကတော့ ပစ္စည်း တစ်ခုခုဝယ်မယ်ဆိုရင် ဆင်တူ နှစ်ယောက်စာ ဝယ်ပေးရတယ်။ များမကြာ မှီတော့ ၃ ယောက်စာ ဝယ်ရတော့မယ်ဆိုပြီး မကြာခင်ဘဝထဲရောက်ရှိလာတော့မယ့် သမီးလေးအတွက်ပါ ကြိုတင်ထည့် သွင်းစဉ်းစားကာ ကျေနပ်ပီတီဖြစ်နေတဲ့ ပုံစံလေးကိုမြင်တွေ့ရတာပဲ ဖြစ်ပါတယ်။မကြာခင်မှာတော့ ချစ်ရတဲ့ သမီး လေး(၃)ယောက်နဲ့ ကံကောင်းသူဖေဖေအာဘွိုင်းရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရတော့ မှာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - Kyaw Phyo Tun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။