ပျိုမေတွေအနေနဲ့ နှုတ်ခမ်းနီအတောင့်အစား နှုတ်ခမ်းနီအရည်တွေကို အသုံးများလာတာကို တွေ့ရပါတယ်။ နှုတ်ခမ်းနီအရည်ဟာ ပိုမိုကြာရှည်ခံခြင်း၊ ဆိုးရလွယ်ကူခြင်းတွေကြောင့် မိန်းကလေးများရဲ့အသည်းစွဲဖြစ်နေတာ ကာလအတော်ကြာခဲ့ပါပြီ။ နှုတ်ခမ်းနီအရည် သိသင့်တာလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။``

(၁) နှုတ်ခမ်းကိုအရင် ဆုံုးသန့်ရှင်းပေးပါ

Matte Type နှုတ်ခမ်းနီတွေ ကို ဆိုးတဲ့အခါ နှုတ်ခမ်းကိုသန့်ရှင်းအောင် ပြုလုပ်မထားဘူးဆိုရင် အဖတ်တွေလန်တာ ၊ နှုတ်ခမ်းနီကွာတတွဖြစ်တတ်ပါတယ်။ဒါ့ကြောင့် နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းသားကို Vaseline နဲ့ သွားတိုက်တံတို့ကို အသုံးပြုပြီး တစ်မိနစ်ခန့် တိုက်ပေးပါ။ ပြီးမှ တစ်ရှူးဖြင့်အသာအယာ သုတ်ပြီး နှစ်သက်ရာနှုတ်ခမ်းနီကို ဆိုးနိုင်ပါတယ်။

(၂) နှုတ်ခမ်းပုံဖော်ခဲတံကို သုံးပါ

နှုတ်ခမ်းနီအရည်ဟာ မြန်မြန်ခြောက်လွယ်တဲ့အတွက် ပုံဖော်ဆိုးဖို့ လက်ဝင်ပါတယ်။ အကယ်၍ပုံဖော်ဆိုးခဲ့ရင်လည်း အလျှင်အမြန်ခြောက်တတ်တာမို့မညီမညာဖြစ်တတ်၊ ကွတ်တတ်ပါတယ်။ဒီအခက်အခဲအတွက် နှုတ်ခမ်းလိုင်နာလေးတွေက သင့်ကိုကူညီနိုင်ပါတယ်။ မိမိနှုတ်ခမ်းကို လိုင်နာနဲ့တိတိကျကျပုံဖော်ပြီးမှ နှုတ်ခမ်းနီထပ်ဆိုးမယ်ဆိုရင် နှုတ်ခမ်းလေးက တိပနေအောင် လှမှာအသေအချာပါ

(၃) နှုတ်ခမ်းနှစ်လွှာကို အချင်းချင်းဖိသိပ်ခြင်းကိုရှောင်ပါ                                     နှုတ်ခမ်းနီကို ညီညာအောင် နှုတ်ခမ်းနီဆိုးပြီးချိန်မှာ အချင်းချင်းဖိသိပ်တတ်ကြပါတယ် ။ နှုတ်ခမ်းနီအစိုတွေကို ဆိုးပြီးချိန်မှာ ဖိသိပ်တဲ့နည်းက ပြသနာသိပ်မရှိပေမယ့် နှုတ်ခမ်းနီအရည် တွေကိုဆိုးတဲ့အခါ ဖိသိပ်လိုက်တဲ့အတွက် မညီမညာဖြစ်တတ်ပါတယ်။ဒီပြသနာကိုကျော်လွှားနိုင်ဖို့ အပေါ်နှုတ်ခမ်းကိုအရင်ဆိုးပါ ပြီးမှအောက်နှုတ်ခမ်းကိုသီးသန့်စီဆိုးပါ။

(4) နှုတ်ခမ်းနီအများကြီးတခါတည်းဆိုးခြင်းကိုရှောင်ပါ။                                            ကြာကြာခံလိုတဲ့ဇောနဲ့တခါတည်းအများကြီးဆိုးမိတတ်ပါတယ်။ တခါတည်းအများကြီးဆိုးမိတဲ့အခါ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာ နဲ့ ထူပိန်းလေးလံတဲ့ ခံစားချက်တွေကိုဖြစ်ပေါ်စေတတ်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် နှုတ်ခမ်းနီကို အနည်းငယ်သာဆိုးပြီး သင့်ရဲ့လှပတဲ့လက်ချောင်းလေးတွေနဲ့ဖိသိပ်ခြင်းဖြင့် ပိုမိုပေါ့ပါးတဲ့အသွင်ကိုရရှိပြီး တာရှည်ခံစေမှာဖြစ်ပါတယ်။

(၄) နှုတ်ခမ်းနီကို တိုက်ရိုက်ဖျက်ခြင်းမှရှောင်ကြဉ်ပါ။                                         နှုတ်ခမ်းနီ Matte Type တွေဟာ အရောင်အရမ်းစွဲ တဲ့အတွက်ကြောင့်တိုက်ရိုက်ဖျက်တဲ့အခါမှာ နှုတ်ခမ်းသားတွေပွန်းပဲ့ပျက်စီးတတ်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် Vaseline ကို နှုတ်ခမ်းနီအပေါ်မှာ သုတ်လိမ်းပြီး၅မိနစ်ခန့်ထားပြီးမှ တစ်ရှူး(သို့) Makeup Remover ဖြင့်ဖျက်ခြင်းအားဖြင့် ပိုမိုလွယ်ကူအောင်ပြုလုပ်နိုင်ပါတယ်

MyanmarLoad ပရိသတ်မဒီပျိုမေများရေ ၊ ဒီနည်းလမ်းလေးတွေကို ကိုယ်တိုင်အသုံးပြုကြည့်ပြီးအဆင်ပြေရင်တခြားသူတွေကို ဖြန့်ဝေပေးပါဦးနော်။

@ Phoe Se

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။