မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အသင်းအတွက် ခေါ်ယူထားသော နည်းပြချုပ် အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ဟာလက်၊ ဂိုးနည်းပြ ဟာဇော့တိုနှင့် စာချုပ်ချုပ်ဆိုခြင်း နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို မေလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီ တွင် ကျင်းပ ခဲ့သည်။ အသင်းတွင် စာချုပ်သစ် ချုပ်ဆိုခဲ့သော နည်းပြနှင့်အတူ ပြည်တွင်းနည်းပြတစ်ဦးဖြစ်သော ဦးစိုးမြတ်မင်းကလည်း လက်ထောက်နည်းပြတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ 

သတင်းစာရှင်းလင်းပွဲသို့ ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် နည်းစနစ် ဌာန ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် မီဒီယာအသီးသီးမှ မီဒီယာ သမားများ၊ နည်းပြချုပ် အန်တွမ်နီဟေးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး မီဒီယာသမားများနှင့် မေးမြန်းမှုများကို နည်းပြချုပ် အန်တွမ်နီဟေးနှင့် ဦးတင်မြင့်အောင်တို့က ပြန်လည် ဖြေကြားပေးခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် မေလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ထွက်ခွာ ပြီး မေလ ၂၆ ရက်နေ့တွင် တရုတ်လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။မြန်မာအသင်းကိုအားပေးကြသော ပရိသတ်ကြီးက မြန်မာလက်ရွေးစင်အသင်းကိုယခုအချိန်လည်း အားပေးကြပါအုံးခင်ဗျာ။

Source :MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။