မေလ(၁၆)ရက်နေ့ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရှင်လေးကတော့ ညှိ့အားပြင်းတဲ့ အသံပိုင်ရှင်လေး ပိုပိုရဲ့ မွေး နေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။သူမရဲ့ (၂၈)နှစ်ပြည့်မွေးနေ့လေးမှာတော့ မနက်ပိုင်းမှာ လှူဒါန်းမှုကောင်း မှုကု သိုလ်လေးတွေ ပြုလုပ်ဖြတ်သန်းခဲ့ပြီး လူငယ်တစ်ဦးလည်းဖြစ်နေတဲ့ သူမကတော့ ယနေ့ညပိုင်းမှာ သူငယ်ချင်း တွေနဲ့ Pool ပါတီလေးပြုလုပ်ဖြတ်သန်းခဲ့ပါတယ်။  

သူမရဲ့ မွေးနေ့ပါတီလေးကိုတော့ ဂီတနယ်ပယ်က အဆိုတော်များ၊ပရိသတ်အချစ်တော်အနုပညာရှင်များစွာ တက်ရောက်လာတာကိုမြင်တွေ့ရပါတယ်။ ပိုပိုတစ်ယောက်ကတော့ မွေးနေ့ပါတီပွဲလေးမှာ ချစ်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခွင်ရတာကြောင့် အရမ်းကိုပျော်ရွှင်နေပုံရပါတယ်။

သူမရဲ့ လူမှုကွန်ယက်မှာလည်း မွေးနေ့ပါတီကျင်းပတဲ့ ပျော်ရွှင်ပုံရိပ်လေးတွေနဲ့ ပါတီပွဲကြီးမှာ အရမ်းကိုလှနေ တဲ့ပိုပိုပုံရိပ်လေးတွေကို မျှဝေထားတာကြောင့် ပရိသတ်တွေအရမ်းကိုအချစ်ပိုနေကြရပါတယ်။ပျော်စရာကောင်း ပိုပိုရဲ့ မွေးနေ့Pool ပါတီကျင်းပတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါ တယ်နော်။ပိုပိုရဲ့ (၂၈)နှစ်ပြည့်မွေးနေ့လေးကို ပရိသတ်တွေက ဆုမွန်ကောင်းလေးတောင်းပေးလိုက်ကြပါအုန်း နော်။  

သတင်းအရင်းအမြစ် - ပိုပို  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။