လက်တလောလူမှုကွန်ယက်မှာတော့ ရွှေမင်းသမီးလေးရဲ့ အလိုတော်ကျ Hello Kitty လေး တွေနဲ့ မင်္ဂလာ ပွဲလေးကျင်းပခဲ့တဲ့ ဇနီးမောင်နှံလေးကတော့ အရမ်းကို ဟော့ဖြစ်နေတာ ပရိသတ်တွေသိကြမယ် ထင်ပါတယ်။ ပရိသတ်အချစ်တော် တိုင်ရွှန်ကလည်း အားကျမခံ သူရဲ့ မင်္ဂလာပွဲလေးမှာလည်း ဘယ်လိုတွေ ပြင်ဆင်ကျင်းပ သွားမယ်ဆိုတာကို ပရိသတ်တွေကို ပြောပြခဲ့တာကြောင့် ပရိသတ်တွေ ငိုရခက်ရယ်ရခက် ဖြစ်စေခဲ့ပါတယ်။

အမိုက်စားတက်တူးတွေနဲ့ ယောကျာ်းပီသပြီး မြန်မာနိုင်ငံရဲ့ စွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းဝင်တဲ့ တိုင်ရွှန် ကတော့ ဆိုင်ကယ်တွေကို နှစ်သက်သူတစ်ယောက်ဖြစ်သည်တိုင် သူရဲ့ မင်္ဂလာပွဲလေးကို သူနှစ်သက်တဲ့ ဆိုင် ကယ်ကြီးနဲ့ ဝင်လာပါမယ်တဲ့နော်။သူများတွေ Hello Kitty လေးတွေနဲ့ မင်္ဂလာပွဲကြီးကို ခင်းကျင်းထားသလို အားကစားလိုက်စားပြီး Gym အမြဲဆော့ဖြစ်တဲ့ တိုင်ရွှန်ကတော့ သူရဲ့ မင်္ဂလာပွဲကြီးမှာ ဝိတ်တုံးတွေ၊အလေးတုံး တွေနဲ့ ပြင်ဆင်ထားမယ်လို့ ဆိုပါတယ်။ 

ပြီးရင်တော့ မင်္ဂလာပွဲကြွရောက်ချီးမြှင့်ကြတဲ့ ဂုဏ်သရေရှိလူကြီးမင်း၊အသိ မိတ်ဆွေကို ဝိတ်မခိုင်းအုန်းမှာပါတဲ့။ အစားအသောက်တွေအနေနဲ့လည်း ထူးထူးခြားခြားလေးဖြစ်သွားအောင် ပွဲတက်လာသူပရိသတ်တွေကို ပရို တိန်းတွေတိုက်ပြီး ငှက်ပျော်သီးတွေနဲ့ ဧည့်ခံမှာပါလို့ဆိုပါတယ်။Gym ဆော့ရတာဝါသနာပါတဲ့ ပရိသတ်တွေ အတွက်တော့ တိုင်ရွှန်ရဲ့ စိတ်ကူးထဲက မင်္ဂလာပွဲလေးနဲ့ အရမ်းကိုကိုက်ညီမှာကြောင့် အကယ်၍တကယ်သာ လုပ်ခဲ့မယ်ဆိုရင်မပျက်မကွက် တက်ရောက်ချီးမြှင့်ဖို့လိုပါမယ်နော်။ဟာသဉာဏ် ရွှင်ရွှင်နဲ့ ပရိ သတ်တွေကို အမြဲ ပျော်အောင်စနောက်လေ့ရှိတဲ့ တိုင်ရွှန်ကတော့ သူရဲ့ စိတ်ကူးထဲက မင်္ဂလာပွဲလေးအကြောင်းမှာလည်း ပရိ သတ်တွေ တဝါးဝါးနဲ့ ပွဲကျစေခဲ့တာပဲ ဖြစ်ပါတယ်။     

သတင်းအရင်းအမြစ် - Tyron Bejay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။