လူမှုကွန်ယက်မှာFunny ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေအချစ်တွေသိမ်းပိုက်ထားတဲ့ ညီညီမောင်စမ်းချောင်းက တော့ဒီနေ့မှာလည်း ဗီဒီယိုအသစ်လေးတစ်ခုတင်လိုက်ပြီး ပရိသတ်အချစ်တွေကို ရယူလိုက်ပြန်ပါတယ်။သူမရဲ့ ဗီဒီယိုလေးကတော့ မိနစ်ပိုင်းအတွင်းမှာတွင် ကြည့်ရှု့သူအရမ်းများနေပြီး တစ်ချို့ပရိသတ်တွေဆိုရင် သဘော ကျလွန်းလို့ ထပ်ခါ ထပ်ခါကြည့်တာ အခါ(၁၀၀)မက ဖြစ်သွားကြပါတယ်တဲ့နော်။

သူမကတော့ မေလ(၁၆)ရက်နေ့ဒီနေ့ညမှာကျင်းပတဲ့ အဆိုတော်ပိုပိုရဲ့ မွေးနေ့ပါတီလေးတစ်ခုကိုတက်ရောက် ခဲ့တာဖြစ်ပြီး ပါတီပွဲမှာအဆိုတော်ယုန်လေးကို ဝုန်းပစ်လိုက်တဲ့ ဗီဒီယိုဖိုင်လေးတင်လိုက်တာပဲ ဖြစ်ပါတယ်။ဗီဒီ ယိုလေးကတော့ ဟာသဆန်ဆန်လေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေ ဘယ်နှစ်ကြိမ်မှန်း မသိတော့အောင်ကို ထပ်ခါထပ်ခါ ကြည့်နေမိကြတာပဲ ဖြစ်ပါတယ်။ 

ဗီဒီယိုလေးထဲမှာ အဆိုတော်ယုန်လေးက သူမကို ဟရောင့်မင်းဆော်နဲ့ ပြတ်သွားပြီးဆိုလို့ မေးလိုက်တဲ့ မေးခွန်း လေးအပေါ် သူမက မင်းမိုက်လားမိုက်ရင်ငါလိုဆီလီကွန်ထည့်ကြည့်ပါလားလို့ ပြန်လည်တုန့်ပြန်လိုက်ပြီး ဝုန်းချ လိုက်တာပဲ ဖြစ်ပါတယ်။ပါတီတက်လာတဲ့ သူငယ်ချင်းတွေလည်း ဝါးလုံးကွဲရယ်မောခဲ့ကြပြီး ပရိသတ်တွေကြား မှာလည်း အုတ်အော်သောင်းနင်းဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကို လည်းပရိသတ်တွေ ရယ်မောပျော်ရွှင်နိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ညီညီမောင်(စမ်းချောင်း) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။