ပရိသတ်တွေ မျှော်လင့် စောင့်စားနေတဲ့ One Plus 6 ဟာဆိုရင် တော့ တရားဝင်မိတ်ဆက်ပြသလိုက်တာလည်းုဖစ်ပါတယ်။ One Plus 6 ဟာဆိုရင် ထွက်ရှိဖို့ အတွက် ကြော်ငြာနေတာ ဖြစ်ပြီး ထွက်ရှိဖို့ကို ကြာမြင့်နေတာ ပဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ One Plus 6 ရဲ့ သတင်းအချက်အလက် အပြည့်အစုံ ကို တရားဝင်ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။  

ဒီဖုန်းမှာတော့ CPu ပိုင်းမှာ Snapdragon 845 ကို အသုံး ပြုပေးထားတာကို တွေ့ရပါတယ်။ RAM အနေနဲ့ကတော့ 6 GB နဲ့ 8GB ဆိုပီး နှစ်မျိုးထွက်ရှိမှာ ဖြစ်ပြီး မှတ်ဉာဏ်ပိုင်းအနေနဲ့ 128 GB နဲ့ 256 GB ဆိုပြီး နှစ်မျိူး ထွက်ရှိမှာပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ကတော့ ၆.၂၈ လက်မ ရှိပြီး မှန်ကို လည်း အကြမ်းခံစေရန် နာမည်ကြီး Gorilla Glass 5 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ 

Sensor ပိုင်းမှာဆိုရင် မျက်နှာပြင် နဲ့ Lock ဖွင့်နိုင်မယ့်အပြင် လက်ဗွေရာစနစ် နှစ်မျိုးလုံးကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 3300 mAh ပမာဏ၇ှိတဲ့ ဘက်ထရီကို အသုံးပြုထားပြီး Android Versionကတော့ အခုနောက်ဆုံးထွက်ရှိထားတဲ့ 8.1 Oreo ကို အသုံးပြုပေးထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန် One Plus 6 ရဲက ပုံရိပ်လေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။