ဝေဠုကျော်တစ်ယောက် အခုရက်ပိုင်းမှာ သူ့ကိုစိတ်ဆင်းရဲအောင်လုပ်နေကြတဲ့ ဝေဠုကျော်ကို တောင်းပန်လိုက်ရတယ်လို့ဆိုပါတယ်။ ဖြစ်စဉ်က ဒီလိုပါ ဝေဠုကျော်တစ်ယောက် လက်ရှိသုံးနေတဲ့ Facebook Account ကို ဟက်ကာတွေက တိုက်ခိုက်ယူခဲ့တဲ့အပြင် Wai Lu Kyaw အကောင့်ကို ဟက်ထားသူမှ ဖုန်းဘေများတောင်ခံခြင်း အလှူခံခြင်း ချက်ဘောက်မှ မိန်းခလေးများအား မဖွယ်မယာပြောခြင်းများကိုကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။ ဒါ့အပြင်အခြားသော ဝေဠုကျော် Wai Lu Kyaw နာမည်နှင့် ကျွန်တော့ပုံ သုံးထားသော Page နှင့် Acc များမှာလည်း မဖွယ်မရာတင်ခြင်း ၊ အလှူခံခြင်း ၊ ကျွန်တော့ကို Like လုပ်ပါအုံး share လုပ်ပါအုံးဆိုသည့် ကလေးကလား ဆန်စွာ ပြုလုပ်နေခြင်းများလည်းရှိနေခဲ့သည့်အတွက် ဝေဠုကျော်တစ်ယောက် စိတ်အနှောင့်အယှက် များစွာကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။အဆိုပါကိစ္စတွေကို ရပ်တန့်ပေးဖို့ မသမာသူတွေကို တောင်းပန်လိုက်ရခြင်းဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာတွေအတွက် ဝေဠုကျော် က ဝေဠုကျော်မဟုတ်တဲ့ ဝေဠုကျော်တွေကို မေတ္တာရပ်ခံတောင်းပန်ထားတဲ့စာကို သူ့ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ အခုလိုဖြန့်ဝေခဲ့တာဘဲဖြစ်ပါတယ်။ဝေဠုကျော် က "မိတ်ဆွေလုပ်နေတာတွေဟာ ကျွန်တော့အတွက် စိတ်အနှောက်ယှက်ဖြစ်စေတဲ့အတွက်ရပ်တန့်ပေးပါရန် တောင်းပန်ပါတယ် ကျွန်တော်အတတ်နိုင်ဆုံး ကောင်းအောင်လုပ်နေတာတောင် အပြောဆိုခံ အဆဲခံနေရတဲ့ ဘဝက မလွတ်သေးပါ မိတ်ဆွေတို့ကပါ အခုလိုမျိုးတွေ လျှောက်တင်တော့ ပိုဆိုးမှာပေါ့ ဗျာ မိတ်ဆွေ တင်ခြင်ရာဆက် တင်နေမယ်ဆိုရင်တော့ page နာမည် ဓာတ်ပုံ တို့ကိုပြောင်းပေးစေခြင်ပါတယ် အနူးညွတ်တောင်းပန်ပါတယ် " လို့ရေးသားထားတာကိုတွေ့ရပါတယ်။ 

"ကျွန်တော်က မည်သည့် နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပညာရေး စသည်တို့ကို ဝေဖန်ခြင်း သုံးသပ်ခြင်းများ ပြုလုပ်လေ့မရှိပါ လူမှု့ ဒုက္ခတွေကိုသာ ကူညီသည့် အလုပ်ကိုဘဲ လုပ်ပါတယ်၊ ကျွန်တော်အတတ်နိုင်ဆုံး ကောင်းအောင်လုပ်နေတာတောင် အပြောဆိုခံ အဆဲခံနေရတဲ့ ဘဝက မလွတ်သေးပါ" ဆိုတဲ့ရေးသားချက်တွေက ဝေဖန်မှုတွေကြားက ပရဟိတသမား ဝေဠုကျော် ရဲ့ အခက်အခဲတွေကို ပေါ်လွင် စေပါတယ်။ ကဲပရိသတ်ကြီးရေ နည်းပညာတွေတိုးတက်လာတဲ့အချိန်မှာ အခုလိုနည်းပညားကို အလွဲသုံးစားလုပ်တဲ့ကိစ္စရပ်တွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ မိမိ တို့ရဲ့လူမှုကွန်ယက်စာမျက်နှာက ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးအဆင့်တွေကိုမြှင့်တင်ထားသင့်ကြောင်းအကြံပေးပါရစေနော်။ အခုတော့ စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ဝေဠုကျော်အတွက် အားပေးစကားလေးပြောပေးသွားပါဦးနော်။

Source _ Wai Lu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။