နာမည်ကျော်မင်းသမီးနှစ်ဦးဖြစ်ကြတဲ့ မိုးယုစံရဲ့သားလေးနဲ့ သဉ္ဇာနွယ်ဝင်းရဲ့သားလေးတို့ကတော့ ကျောင်းအတူတူတတ်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်..။

ပြည်သူ့အသည်းကျော်သားချောလေးနှစ်ယောက်ကိုတော့ မေမေမိုးယုနဲ့ မေမေသဉ္ဇာတို့က မေလ(၁၇)ရက်နေ့က Myanmar Plaza မှာရှိတဲ့ PEOPLE IMPACT ကျောင်းမှာ ကျောင်းစတတ်နေကြပြီ ဖြစ်ပါတယ်..။

ကျောင်းတတ်ရင်းကစားနေတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း မိုးယုက သားလေးAustinလေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“ဒီနေ့ သားသားလေးကို PEOPLE IMPACT ကျောင်းလေးမှာ စထားနေပါပီ ၆လကနေစထားလို့ရနေတာ သားသားကိုတော့ ခု၈လမှထားဖြစ်တော့တယ်.. ။ ကလေးတစ်ယောက်မှာ အရွယ်လိုက်ဖွံ့ဖြိုးတိုးတတ်မှုလေးတွေရှိအောင် မိဘတွေပံ့ပိုးပေးရမဲ့အပြင် ဒီလိုကျောင်းလေးတွေမှာထားပီးတော့လည်းလေ့ကျင့်ပေးလို့ရနေပီနော်.. ။ မာမီသားလေးနဲ့တူရှိနေရတာ သူတို့လေးတွေကြည့်ပီးပျော်နေရတာ..” ဆိုပြီးလည်း ပြောပြထားပါသေးတယ်..။

မင်းသမီးမိုးယုစံနဲ့ သဉ္ဇာနွယ်ဝင်းတို့ကတော့ သားဦးလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားပေမယ့်လည်း သားလေးတွေနဲ့မိသားစုပုံရိပ်ကိုအမြဲမျှဝေလေ့ရှိပြီး ပရိသတ်တွေကလည်း အချစ်ပိုနေရတာပါ..။

မေမေနှစ်ယောက်နဲ့အတူ သားချောလေးနှစ်ယောက်တို့ရဲ့ကြည်နူးပျော်ရွှင်စရာ ကျောင်းတတ်ကစားနေတဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာလေးတွေမို့ Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ကောင်းသိင်္ခမိုးသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။