အရိပ်ဇာတ်ကားရိုက်တုန်းက မကြီးစိုးဟာဆိုရင်ဖြင့် အသက်က၂၅နှစ်တောင်မပြည့်လောက်သေးဘူးလို့ထင်မိပါတယ်။ ဒါပေမဲ့အကောင်းဆုံးကြိုးစားခဲ့ပါတယ်လို့သိရပါတယ် ။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်လောက်တည်း ကနာမည်ကြီးခဲ့သော အရိပ် ရုပ်ရှင် ဇာတ်ကားမှာတော့ စုစုလှိုင် ကာရိုက်တာနေရာတွင် ပန်းဖြူ ကပါဝင်သရုပ်ဆောင်ထားပြီး အခုအချိန်မှာတော့ မေမြင့်မိုရ်က ပြန်လည် အသက်သွင်းပေးထားတာလည်းဖြစ်ပါတယ်။  

ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း “အရိပ်” ရုပ်သံဇာတ်လမ်းတွဲ Review တွေကို ရေးတဲ့အခါ ဝေဖန်မှုသိပ်မရှိတာကို တွေ့ရပြီး၊ ဝတ္ထုကို စဆုံးပုံဖော်ရိုက်ကူးနိုင်ခဲ့လို့ ဒါရိုက်တာတွေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ အားလုံးကိုလည်း ပရိသတ်တွေက ချီးကျူးထားကြတာကိုလည်း တွေ့ရပါတယ်။

မေမြင့်မိုရ်ဟာ MRTV-4 က ရိုက်ကူးခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပန်းနုသွေး၊ ဆုံစည်းခြင်းမိုးတိမ် အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာပါ။ မကြာခင်ကလည်း ဒါရိုက်တာ ကျော်သူ ရိုက်ကူးထားတဲ့ “ပုဂံမြို့သူ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင် ဒေါင်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဆက်လက်ပြီး သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ၂၀၁၈ ခုနှစ်ထဲမှာပြသသွားဖို့ရှိပြီး ၂၀၁၇ ခုနှစ်ထဲမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ မေမြင့်မိုရ်က ဆိုပါတယ်။ 

photo scoure:May Myint  Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။