ကြည်လဲ့လဲ့ဦးဟာ VCD ခေတ်ဦးကာလမှာ အောင်မြင်ကျော်ကြားရေပန်းစားခဲ့တဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ဒါတွေတင်မကသေးပါဘူး ၊ ကြည်လဲ့လဲ့ဦးဟာ သရုပ်ဆောင်နယ်ပယ် မှာလည်း အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီးခဲ့တဲ့နောက် အနုပညာလောကနဲ့ အဆက်အသွယ်ပြတ် ၊ ခြေလှမ်းကြဲနေခဲ့ရတဲ့ ကြည်လဲ့လဲ့ဦးတစ်ယောက် မိသားစု ဘဝမှာတော့ အောင်မြင်တဲ့ မေမေတစ်ယောက်ဖြစ်နေပါပြီ။

မေမေကြည်လဲ့လဲ့ဦးတစ်ယောက် မိသားစုဝင်တွေနဲ့တိရစာန်ဥယျာဉ်ကိုသွားခဲ့တဲ့ ပုံလေးတွေပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ မိသားစုကိုအလေးပေးခဲ့တဲ့ ကြည်လဲ့လဲ့ဦးတစ်ယောက် သားသားမီးမီးလေးတွေနဲ့ ကြည်နူးနေတာပျော်စရာပါ။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ကြည်လဲ့လဲ့ဦးတစ်ယောက် ဝါ၊ စိမ်း၊ နီ ကမ္ဘာသိမ်းမည် ရုပ်သံဇာတ်လမ်းတွဲမှာ သူမရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ပြန်လည်ပြသခဲ့ကြတာလည်း ပရိသတ်ကြီးအသိပါနော်။ ၀၀ကစ်ကစ်ကြည်လဲ့လဲ့ဦးတစ်ယောက် ဝိတ်ကျသွားရင် ဇာတ်လမ်းဇာတ်ကွက်တွေ ပြန်လည်သရုပ်ဆောင်ချင်သေးတယ်လို့လည်းပြောထားလေရဲ့။ ကြည်လဲ့လဲ့ဦးကို ချစ်သေးရဲ့လား ပရိသတ်ကြီးရေ။

Source - Zarni Htay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။